၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မက္ကဆီကိုနိုင်ငံရဲ့ တချို့နေရာတွေမှာ ရဲတပ်ဖွဲ့ကို ကူညီကင်းလှည့်ဖို့အတွက် စက်ရုပ်ခွေးတွေကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဲဒီစက်ရုပ်ခွေးတွေက အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ရဲအရာရှိတွေကို ကာကွယ်ပေးမှာပါ။

Mexico unveils robot police dogs ahead of 2026 FIFA World Cup

အမေရိကန်၊ ကနေဒါတို့နဲ့အတူ မက္ကဆီကိုက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အဲဒီပြိုင်ပွဲကာလအတွင်းမှာ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုဖို့ ဂွါဒါလုပီ (Guadalupe) အာဏာပိုင်တွေက K9-X စက်ရုပ်ခွေး ၄ ကောင်ကို ချထားသွားမှာ ဖြစ်ပါတယ်။

အဲဒီစက်ရုပ်တွေက အန္တရာယ်တွေကို ရှေ့ပြေးတာဝန်ယူမှာပါ။  သူတို့က ကျဉ်းကျပ်တဲ့ သို့မဟုတ် အန္တရာယ်ရှိတဲ့ နေရာတွေထဲကို ဝင်ရောက်နိုင်ပြီး ရဲတပ်ဖွဲ့ဆီကို တိုက်ရိုက်ဗီဒီယိုတွေ ပေးပို့နိုင်တဲ့အပြင် သံသယရှိသူတွေကို အသံနဲ့ အမိန့်ပေးတာတွေပါ လုပ်ဆောင်နိုင်တဲ့အတွက် ရဲအရာရှိတွေ ကိုယ်တိုင် အန္တရာယ်ထဲ ဝင်ရောက်ရမယ့် လိုအပ်ချက်ကို လျှော့ချပေးနိုင်ပါတယ်။

Mexico Deploys Robot Dogs for World Cup 2026 Security

အဲဒီမြို့က စက်ရုပ် ၄ ကောင်အတွက် ပီဆို ၂.၅ သန်း (အမေရိကန်ဒေါ်လာ ၁ သိန်း ၄ သောင်းခွဲခန့်) အကုန်အကျခံ ဝယ်ယူခဲ့တာပါ။ စက်ရုပ်တစ်ကောင်စီမှာ ကင်မရာတွေ၊ ညကြည့်မှန်ပြောင်းတွေ ပါဝင်ပြီး လှေကားတွေတက်နိုင်တာ၊ ကြမ်းတမ်းတဲ့ မြေပြင်တွေမှာ သွားလာနိုင်တာနဲ့ အလင်းရောင်နည်းပါးတဲ့ အခြေအနေတွေမှာပါ အလုပ်လုပ်နိုင်တဲ့ ကြံ့ခိုင်တဲ့ ကိုယ်ထည်တွေ တည်ဆောက်ထားပါတယ်။

ကမ္ဘာ့အကြီးကျယ်ဆုံး အားကစားပြိုင်ပွဲကြီးတွေထဲက တစ်ခုဖြစ်တဲ့ အဲဒီပြိုင်ပွဲကာလအတွင်းမှာ စက်ရုပ်ကင်းထောက်တွေကို အရင်စေလွှတ်ခြင်းအားဖြင့် အန္တရာယ်ကို လျှော့ချနိုင်ဖို့နဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း စောင့်ကြည့်နိုင်ဖို့ ဂွါဒါလုပီ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

Ref: Technology Innovation