Samsung ရဲ့ အကြမ်းခံတဲ့ စမတ်ဖုန်း Series ဖြစ်တဲ့ Xcover အတွက် ဒီနှစ်ထဲမှာ မော်ဒယ်အသစ်ထွက်ရှိလာတော့မယ်လို့ ထင်ပါတယ်။ ဒီလ အစောပိုင်းမှာ Galaxy Xcover Pro 2 ကို Benchmark Database မှာ တွေ့လာရပြီ ဖြစ်ပြီး အခုတော့ အဲဒီ ဖုန်းရဲ့ CAD အခြေပြု ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။

Rugged Samsung Galaxy Xcover Pro 2 leaks in renders

အဲဒီ ဓါတ်ပုံတွေကို မျှဝေထားတဲ့ သတင်းအရင်းအမြစ်က Galaxy Xcover Pro 2 မှာ ၆.၅၆ လက်မ မျက်နှာပြင်၊ Infinity-V ဒီဇိုင်း၊ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ 3.5mm Headphone Jack တွေ ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ (Waterdrop Notch ကို Samsung က Infinity-V လို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ )

Rugged Samsung Galaxy Xcover Pro 2 leaks in renders

Galaxy Xcover Pro 2 ရဲ့ အရွယ်အစား အပြည့်အစုံဟာ 169.5 x 81.1 x 10.1 mm ဖြစ်ပြီး 5G ဆက်သွယ်မှု ထောက်ပံ့တဲ့ ပထမဆုံး Xcover စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ Benchmark အရ အဲဒီ စမတ်ဖုန်းမှာ Qualcomm Snapdragon 778G SoC မောင်းနှင်ထားမယ်လို့ ဖော်ပြထားပေမယ့် အခု ဓါတ်ပုံတွေကို မျှဝေထားတဲ့ သတင်း အရင်းအမြစ်က Exynos 1280 SoC ထည့်သွင်းထားမယ်လို့ ပြောပါတယ်။ အဲဒီ ဖုန်းမှာ အရင်မျိုးဆက်မှာလို ဖြုတ်၊ တပ် နိုင်တဲ့ ဘက်ထရီ ပါလာနိုင်ပါတယ်။

Rugged Samsung Galaxy Xcover Pro 2 leaks in renders

Galaxy Xcover Pro 2 ကို နောက်အကျဆုံး အနေနဲ့ နွေရာသီမှာ ရောင်းချနိုင်ပြီး Android 12 ထည့်သွင်းပေးထားနိုင်ပါတယ်။

Ref : gsmarena