Redmi K60 Series ရဲ့ သတင်းတွေ များစွာ ပေါက်ကြားနေပြီး  MyDrivers က ဇန်နဝါရီလမှာ ကြေညာမယ်လို့ ပြောပါတယ်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ကျရောက်မယ့် တရုတ် နှစ်သစ်ကူးပွဲတော် မတိုင်ခင် ဖြစ်နိုင်ပါတယ်။

Rumor: Redmi K60 to feature Snapdragon 8 Gen 2, the Pro is getting the 8+ Gen 1 instead - GSMArena.com news

Redmi K60 မှာ Snapdragon 8 Gen 2 Chipset အသစ်၊ QHD+ 120Hz မျက်နှာပြင်နဲ့ 67W Fast Wired Charging ပါလာနိုင်ပြီး ပထမဆုံး အနေနဲ့ K Series မှာ Wireless Charging ကို ထောက်ပံ့ကာ အမြန်နှုန်းက 30W ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားနိုင်ပါတယ်။

Rumor: Redmi K60 to feature Snapdragon 8 Gen 2, the Pro is getting the 8+ Gen 1 instead - GSMArena.com news

Redmi K60 Pro မှာတော့ Snapdragon 8+ Gen 1 အဟောင်းကို သုံးထားမှာ ဖြစ်ပေမယ့် စွမ်းရည်က ကောင်းပါတယ်။ Pro မှာ ပိုနှေးတဲ့ Chipset ကိုဘာလို့ သုံးထားသလဲဆိုတာ မသိပါဘူး။ ဒီသတင်းဟာ မှားကောင်းမှားနိုင်ပြီး Benchmark တွေကို စောင့်ကြည့်ရမှာပါ။ Pro မှာ QHD+ 120Hz မျက်နှာပြင် ပါလာနိုင်ပါတယ်။

Redmi K60E မှာ Snapdragon 870 သို့မဟုတ် နောက်ကြေညာမယ့် Dimensity 8200 ထည့်သွင်းထားနိုင်ပါတယ်။ အစောပိုင်း Benchmark ရလဒ်တွေအရ Snapdragon 870 Version ထွက်လာမယ်ဆိုတာ အတည်ပြုထားပါတယ်။ အနောက်ဘက်မှာ 48MP Main (OIS) ကင်မရာ တပ်ဆင်ထားမှာဖြစ်ပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားမှာပါ။ တခြား ဖုန်း ၂ လုံးမှာ Android 13 အခြေပြု MIUI 14 ပါလာနိုင်ပါတယ်။

Ref : gsmarena