ရုရှားအစိုးရဟာ ကမ္ဘာပေါ်မှာ လူသုံးအများဆုံး စာပို့အက်ပ်ဖြစ်တဲ့ WhatsApp ကို လုံးဝ ပိတ်ပင်လိုက်ပါပြီ။ ဒါကြောင့် ရုရှားနိုင်ငံတွင်းက သုံးစွဲသူ သန်း ၁၀၀ ကျော်လောက်ဟာ အပြင်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ရပါတယ်။
လိမ်လည်မှုတွေနဲ့ အကြမ်းဖက်မှုတွေ စုံစမ်းစစ်ဆေးရာမှာ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေနဲ့ အချက်အလက် မျှဝေဖို့ ပြဋ္ဌာန်းထားတဲ့ ဒေသတွင်း ဥပဒေတွေကို Meta ကုမ္ပဏီက လိုက်နာဖို့ ငြင်းဆန်ခဲ့လို့ အခုလို ပိတ်ပင်ရတာ ဖြစ်တယ်လို့ ကရင်မလင် နန်းတော်က အကြောင်းပြထားပါတယ်။
/socialsamosa/media/media_files/2026/02/13/gnhmj-2026-02-13-11-14-23.png)
ဒီလို ပိတ်ပင်လိုက်တဲ့အပြင် ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စကော့ဗ်က နိုင်ငံတော် ကျောထောက်နောက်ခံပြုထားတဲ့ MAX ဆိုတဲ့ စာပို့အက်ပ် အသစ်ကို ပြောင်းသုံးကြဖို့ ရုရှားပြည်သူတွေကို တွန်းအားပေးနေပါတယ်။ ဝေဖန်သူတွေကတော့ အဲဒီ MAX အက်ပ်ဟာ ပြည်သူတွေကို စောင့်ကြည့် ခြေရာခံဖို့ ဖန်တီးထားတဲ့ ကိရိယာတစ်ခုလို့ ထောက်ပြနေကြပေမယ့် ရုရှား အာဏာပိုင်တွေကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒီလုပ်ရပ်ဟာ ခြောက်လကြာ ဖိအားပေးမှုတွေရဲ့ နောက်ဆုံးရလဒ် ဖြစ်လာခဲ့ပြီး စစ်တွင်းကာလမှာ အချုပ်အခြာအာဏာပိုင်တဲ့ ကိုယ်ပိုင် ဆက်သွယ်ရေး ကွန်ရက်တစ်ခု တည်ဆောက်ဖို့ ရုရှားအစိုးရရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ထင်ဟပ်နေပါတယ်။
WhatsApp ဘက်ကတော့ ဒါဟာ သုံးစွဲသူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ နောက်ပြန်ဆွဲတဲ့ လုပ်ရပ်တစ်ခုလို့ တုံ့ပြန် ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ ရုရှားနိုင်ငံသား တချို့ဟာ အစိုးရထုတ် MAX အက်ပ်ကို ပြောင်းသုံးတာတွေ၊ VPN ခံပြီး သုံးတာတွေ လုပ်ဆောင်နေကြပါတယ်။ တစ်ချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားသူတွေက လွတ်လပ်တဲ့ အင်တာနက် ရရှိရေးအတွက် ဆက်သွယ်ရေး ထိန်းချုပ်ရေးအဖွဲ့ရုံးရဲ့ တံခါးတွေမှာ စက်ဘီး သော့ခလောက်တွေ သွားရောက် ချိတ်ဆွဲပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
Ref : Fossbytes
