ရုရှားလေကြောင်းလိုင်း Pobeda ဟာ Humanoid robot (လူတူစက်ရုပ်) ကို လေယာဉ်မယ်အဖြစ် ကမ္ဘာ့ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့ပါတယ်။

Video: Russian airline tests humanoid robot as in-flight attendant

Volodya လို့ အမည်ရတဲ့ အဲဒီစက်ရုပ်ဟာ Ulyanovsk–Moscow ခရီးစဉ်မှာ လေယာဉ်အမှုထမ်းတွေနဲ့ ပူးပေါင်းပါဝင်ခဲ့ပြီး ရိုးရှင်းတဲ့ အလုပ်တွေကို ကူညီခဲ့ပါတယ်။ လူနဲ့ စက်ရုပ် ဘယ်လို တွဲဖက်လုပ်ကိုင်နိုင်မလဲဆိုတာကို ပြသခဲ့ပါတယ်။

Volodya က ခရီးသည်တွေကို နှုတ်ဆက်တာ၊ ဘေးကင်းရေးဆိုင်ရာ ညွှန်ကြားချက်တွေ ပေးတာနဲ့ ခရီးစဉ်အတွင်း ခရီးသွားတွေနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံတာတွေ ပြုလုပ်ခဲ့ပါတယ်။ သူက အစားအစာနဲ့ အချိုရည်တွေကို လိုက်လံဧည့်ခံတာမျိုး မလုပ်ပေမယ့် ခရီးသည်အများအပြားက သဘောကျခဲ့ကြပြီး ကလေးတွေရော လူကြီးတွေပါ သူနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

A first has happened! We will now see humanoid robots out there.

တချို့လူတွေကတော့ လူသားအမှုထမ်းတွေဟာ “သူတို့နေရာမှာ အစားထိုးမယ့်သူကို လေ့ကျင့်ပေးနေတာ” ဖြစ်နိုင်တယ်လို့ နောက်ပြောင်ပြောဆိုခဲ့ကြပြီး လေကြောင်းလောကက အနာဂတ်အလုပ်အကိုင်တွေအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။

လောလောဆယ်မှာတော့ ကျွမ်းကျင်သူတွေက အဓိကစိန်ခေါ်မှုဟာ နည်းပညာအသစ်အနေနဲ့ ခရီးသည်တွေ တန်ဖိုးထားတဲ့ လူသားဆန်မှု (Human touch) ကို အစားထိုးလိုက်တာမျိုး မဟုတ်ဘဲ အထောက်အကူပြုပေးတာမျိုး ဖြစ်စေဖို့လို့ ဆိုပါတယ်။

Ref : Technology Innovation