ကလေး ၁၀၀ ရှိပြီးသားဖြစ်တဲ့ Russian Telegram တည်ထောင်သူ Pavel Durov က သူ့ရဲ့ သုတ်ပိုးကို သုံးချင်တဲ့ အသက် ၃၇ နှစ်အောက် အမျိုးသမီးတွေအတွက် IVF ကုန်ကျစရိတ်ကို ကျခံပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

Russian Telegram founder Pavel Durov — with 100 kids already — offers to pay  IVF costs for any woman under 37 who wants to use his sperm

ဒေါ်လာ ၁၇ ဘီလီယံ ကြွယ်ဝတဲ့ အဲဒီ ဘီလျံနာက သုတ်ပိုးလှူဒါန်းခြင်းဟာ “အရည်အသွေးမြင့် အလှူရှင် ပစ္စည်း” ရှားပါးမှုကို ဖြေရှင်းဖို့နဲ့ သုတ်ပိုးလှူဒါန်းမှုအပေါ် အမြင်မကြည်လင်တာတွေကို ဖျောက်ဖျက်ဖို့ သူ့ရဲ့ “နိုင်ငံသားတာဝန်” ဖြစ်တယ်လို့ ပြောပါတယ်။

Why does this billionaire have 100 kids in 12 countries? | Arwa Mahdawi |  The Guardian

Durov က သုတ်ပိုးလှူဒါန်းမှုကနေတဆင့် ကလေးအနည်းဆုံး ၁၀၀ ရရှိခဲ့ပြီး လက်တွဲဖော် သုံးဦးနဲ့လည်း ကလေး ခြောက်ဦး ထွန်းကားခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့ ကလေးတွေအားလုံးအနေနဲ့ သူနဲ့ DNA တူညီကြောင်း သက်သေပြနိုင်ရင် သူ့ရဲ့ ကြီးမားတဲ့ ပိုင်ဆိုင်မှု တစ်စိတ်တစ်ပိုင်းကို အမွေရရှိလိမ့်မယ်လို့ သူက ပြောပါတယ်။

မနှစ်က Moscow ဆေးခန်းတစ်ခုမှာ Durov ရဲ့ သုတ်ပိုးကို အခမဲ့ ရယူနိုင်ကြောင်း ကြော်ငြာကို အမျိုးသမီး ဒါဇင်နဲ့ချီပြီး တုံ့ပြန်ခဲ့ကြပါတယ်။

မျိုးပွားမှုဆိုင်ရာ ဆေးခန်းက Durov မှာ “မြင့်မားတဲ့ မျိုးရိုးဗီဇ လိုက်ဖက်ညီမှု” ရှိတယ်လို့ ဖော်ပြခဲ့ပြီး “လူကြိုက်များတဲ့” သူ့ရဲ့ သုတ်ပိုးကို လိုချင်တဲ့ အသက် ၃၇ နှစ်အောက် အမျိုးသမီးတွေအတွက် IVF ကုန်ကျစရိတ်ကို သူက ပေးဆောင်သွားမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Ref : Fossbytes