Galaxy Note 20 series စမတ်ဖုန်းများသည် သုံးစွဲသူများ၏ လုပ်ဆောင်နိုင်စွမ်းများအား အထိရောက်ဆုံး မြှင့်တင်ပေးသွားနိုင်မည် ဖြစ်ပြီး Galaxy Ecosystem နှင့် ချိတ်ဆက်၍လည်း မိမိတို့၏ နေ့စဉ်ဘဝတွင် အရေးအပါဆုံးသော လုပ်ငန်းဆောင်တာများအား လိုက်လျောညီထွေမှု အပြည်ဖြင့် လုပ်ဆောင်သွားနိုင်စေရန် ကူညီပေးသွားနိုင်မည်။

Samsung Myanmar သည် ၎င်း၏ ပထမဆုံးသော အွန်လိုင်း မှတဆင့် တိုက်ရိုက်တင်ဆက်သည့် ထုတ်ကုန်အသစ် မိတ်ဆက်ပွဲ အခမ်းအနားအား ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းသစ်များ အပါအဝင် စွမ်းဆောင်ရည်မြင့် နည်းပညာ ထုတ်ကုန် အသစ်များအား သုံးစွဲသူများထံ တရားဝင် စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ ထည့်သွင်းပေးထားသည့် Note series စမတ်ဖုန်းများအပြင် အခြားသော စွမ်းဆောင်ရည်မြင့် နည်းပညာ ထုတ်ကုန်အသစ် ၄ မျိုးကိုလည်း မိတ်ဆက်ပေးခဲ့ပြီး ယခုကဲ့သို့ မြန်ဆန်စွာ တိုးတက်ပြောင်းလဲနေသည့် အချိန်ကာလတွင် အလုပ်လုပ်ကိုင်သည်ဖြစ်စေ၊ အပန်းဖြေ အနားယူသည် ဖြစ်စေ သုံးစွဲသူများ၏ လုပ်ဆောင်နိုင်စွမ်းများအား မြင့်မားကောင်းမွန်လာစေရန်နှင့် လုပ်ငန်းဆောင်တာများအား ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်စေရန် ဤ စွမ်းဆောင်ရည်မြင့် နည်းပညာ ထုတ်ကုန်များမှ ကူညီပေးသွားမည် ဖြစ်သည်။

“အခုခေတ်မှာ နည်းပညာတွေအပေါ် ကျွန်တော်တို့ရဲ့ ယုံကြည်စိတ်ချမှုက အမြင့်မားဆုံး အနေအထားကို ရောက်ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆန်းသစ်တဲ့ နည်းပညာတွေကို အသုံးပြုပြီး တစ်ဦးနဲ့တစ်ဦး အမြဲမပြတ် ဆက်သွယ်ချိတ်ဆက်နေနိုင်ရုံသာမက ကမ္ဘာတစ်ဝန်းမှာ ကြုံတွေ့နေရတဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေကိုလည်း ဆန်းသစ်တဲ့ နည်းပညာတွေကနေတဆင့် အသုံးပြုပြီး ဖြေရှင်းနေပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။ “နည်းပညာတွေဟာ ကျွန်တော်တို့ရဲ့ ဘဝကို ပိုပြီးရှုပ်ထွေးသွားစေရမှာ မဟုတ်ပဲ ပိုပြီးလွယ်ကူလာအောင် လုပ်ဆောင်ပေးရမှာပါ။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ Samsung အနေနဲ့ အလုပ်လုပ်ကိုင်ရာမှာဖြစ်စေ၊ အပန်းဖြေ အနားယူရာမှာဖြစ်စေ လုပ်ဆောင်နိုင်စွမ်းကို အကောင်းမွန်ဆုံး မြှင့်တင်ပေးနိုင်မယ့် Note series စမတ်ဖုန်း အသစ်နဲ့ အခြား စွမ်းဆောင်ရည်မြင့် နည်းပညာထုတ်ကုန် ၄ မျိုးကို မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ ဒီ စွမ်းဆောင်ရည်မြင့် နည်းပညာ ထုတ်ကုန်တွေဟာ မြန်မာနိုင်ငံက သုံးစွဲသူတွေကို အလုပ်လုပ်ကိုင်ရာမှာ ဖြစ်စေ၊ အပန်းဖြေ အနားယူ ရာမှာ ဖြစ်စေ အမြင့်မားဆုံးနဲ့ အကောင်းမွန်ဆုံး ခံစားမှု အတွေ့အကြုံတွေကို ရရှိပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးသွားနိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၎င်းမှ ဆက်လက် ပြောကြားခဲ့သည်။

Galaxy Note 20 series စမတ်ဖုန်းများသည် အလုပ်လုပ်ကိုင်ရာတွင် ကွန်ပြူတာတစ်လုံးကဲ့သို့သော စွမ်းဆောင်ရည်အား ပေးစွမ်းနိုင်မည့် အပြင် အနားယူ အပန်းဖြေရာတွင်လည်း ပရော်ဖက်ရှင်နယ် ဂိမ်းကစားသူ တစ်ဦးကဲ့သို့ ခံစားချက်မျိုးကို ရရှိခံစားရစေမည့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်သည်။ ဤ Galaxy Note 20 series စမတ်ဖုန်းများအား version ၂ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်ပြီး ပြီးပြည့်စုံမှု အရှိဆုံးနှင့် အမြင့်မားဆုံးသော စွမ်းဆောင်ရည်အား ရယူအသုံးပြုလိုသူများ အတွက် Galaxy Note 20 Ultra နှင့် အလုပ်လုပ်ကိုင်ရာတွင် ဖြစ်စေ၊ အပန်းဖြေအနားယူရာတွင် ဖြစ်စေ ပိုမိုကောင်းမွန်သော လုပ်ဆောင်နိုင်စွမ်းများအား ရယူအသုံးပြုလိုသူများအတွက် Galaxy Note 20 ဟူ၍ သုံးစွဲသူများ၏ လိုအပ်ချက်အပေါ် မူတည်၍ စိတ်ကြိုက် ဝယ်ယူသွားနိုင်မည် ဖြစ်သည်။ အဆိုပါ စမတ်ဖုန်း အမျိုးအစား ၂ မျိုးလုံးသည် မြင့်မားသော စွမ်းဆောင်ရည်များ နှင့်အတူ လုပ်ငန်းဆောင်တာများအား မြန်ဆန်စွာ လုပ်ဆောင်သွားနိုင်ရန် ကူညီပေးသွားနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများ အနေနှင့် မိမိ ချစ်ခင်နှစ်သက်ရသူများနှင့် ပိုမိုဆက်သွယ်ချိတ်ဆက်သွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ Samsung သုံးစွဲသူများ အနေနှင့် Galaxy Note 20 series စမတ်ဖုန်းများအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှ ၂၆ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်မှာယူသွားနိုင်မည် ဖြစ်ပြီး ကြိုတင်မှာယူလိုသူများ အနေနှင့် ရန်ကုန်နှင့် မန္တလေးမြို့များ အပါအဝင် နိုင်ငံတဝန်း မြို့ကြီးများရှိ Samsung အမှတ်တံဆိပ် အရောင်းဆိုင်ကြီးများနှင့် လက်လီအရောင်းဆိုင်ကြီးများတွင် စရန်ငွေ ၁၀၀,၀၀၀ ကျပ် ပေးသွင်း၍ မှာယူသွားနိုင်မည် ဖြစ်သည်။ ထို့နောက်တွင် ကြိုတင်မှာယူထားသူများသည် ၎င်းတို့၏ Galaxy Note 20 စမတ်ဖုန်းများအား ၂၀၂၀ ခုနစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ စတင်၍ စက်တင်ဘာလ ၅ ရက်နေ့အထိ ၎င်းတို့ ကြိုတင် မှာယူထားသည့် အ‌ရောင်းဆိုင်ကြီးများတွင် သွားရောက်ထုတ်ယူသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် အထူး အခွင့်အရေးအနေနှင့် Galaxy Note 20 စမတ်ဖုန်း များအား ကြိုတင်မှာယူသူများသည် Galaxy Buds+ နှင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား ကြိုတင်မှာယူသူများသည် Galaxy Buds Live များအား အထူးလက်ဆောင်အဖြစ် အသီးသီး ရရှိသွားမည် ဖြစ်သည့်အပြင် ထပ်ဆောင်းလက်ဆောင်များအဖြစ် Clear Views Cover များကို ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် Galaxy Note 20 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများ အနေနှင့် အထူးခံစားခွင့်များ ပါဝင်သည့် Samsung Premium Care ဝန်ဆောင်မှုကိုလည်း ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့မှ စတင်၍ ရောင်းချပေးသွားမည် ဖြစ်သည်။ Galaxy Note 20 အား Mystic Bronze (ကြေးရောင်)၊ Mystic Green (အစိမ်းရောင်) နှင့် Mystic Grey (မီးခိုးရောင်) အရောင် ၃ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်ပြီး Galaxy Note 20 Ultra အား Mystic Bronze (ကြေးရောင်)၊ Mystic Black (အနက်ရောင်) နှင့် Mystic White (အဖြူရောင်) အရောင် ၃ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် Galaxy Note 20 နှင့် Galaxy Note 20 Ultra စမတ်ဖုန်းများအား RAM 8 GB + 256 GB internal storage ဗားရှင်းဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။ ဈေးနှုန်းများအနေနှင့် Galaxy Note 20 စမတ်ဖုန်းအား မြန်မာငွေ ၁,၂၉၉,၀၀၀ ကျပ် နှင့် Galaxy Note 20 Ultra စမတ်ဖုန်းအား မြန်မာငွေ ၁,၆၅၉,၀၀၀ ကျပ်ဖြင့် အသီးသီး ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

ဤမိတ်ဆက်ပွဲတွင် Samsung Myanmar သည် အလုပ်လုပ်ကိုင်ရာတွင်ဖြစ်စေ၊ ဆန်းသစ်ဖန်တီးရာတွင်ဖြစ်စေ အကောင်းမွန်ဆုံး ကူညီထောက်ပံ့ပေးနိုင်မည့် ဘက်စုံသုံး မျိုးဆက်သစ် တက်ဘလက်အသစ်များ ဖြစ်သည့် Tab S7 နှင့် Tab S7+၊ အဆင့်မြှင့်တင်ထားသော ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ဆောင်ချက်အသစ်များ ပါဝင်သည့် နည်းပညာမြင့် smartwatch အသစ်၊ စတိုင်ကျနလှပ၍ သက်တောင့်သက်သာအပြည့်ရှိပြီး အကောင်းမွန်ဆုံး အသံ အရည်အသွေးကို ပေးစွမ်းနိုင်စွမ်းရှိသည့် Galaxy buds အသစ်နှင့် ပိုမိုမြင့်မားသော စွမ်းဆောင်ရည်များ ပါဝင်သည့် အနာဂတ်၏ စမတ်ဖုန်းအဖြစ် တင်စားခြင်းခံရသည့် နောက်ဆုံးပေါ် မျက်နှာပြင် ခေါက်ချိုးနိုင်သည့် foldable စမတ်ဖုန်းအသစ် Galaxy Z Fold 2 တို့ကိုလည်း စတင်မိတ်ဆက်ခဲ့သည်။

အဆိုပါ နောက်ဆုံးပေါ် တက်ဘလက်၊ စမတ်နာရီနှင့် foldable စမတ်ဖုန်းများ၏ အသေးစိတ် အချက်အလက်များနှင့် စတင် ရောင်းချမည့် နေ့ရက်များအား မကြာခင် အချိန်တွင် ထပ်မံကြေညာပေးသွားမည် ဖြစ်သည်။

Source – SAMSUNG