Apple က iPhone 14 Series ကို မကြာခင်က ပူပူနွေးနွေးကြေညာထားပြီး ဝေဖန်မှုများစွာ ရှိနေပါတယ်။ Apple တည်ထောင်သူ Steve Jobs ရဲ့ သမီး ကိုယ်တိုင်ကတောင် iPhone 14 ကို လှောင်ပြောင်ထားသေးပြီး iPhone 14 နဲ့ iPhone 13 မှာ ကွာခြားမှု မရှိဘူးလို့ ဆိုပါတယ်။ Samsung ကလည်း Apple iPhone 14 Series ကို မကြာခဏ ဝေဖန်နေပါတယ်။

Samsung

Samsung ရဲ့ တရားဝင် တွစ်တာ အကောင့်ကနေ iPhone 14 မှာ တီထွင်ဆန်းသစ်မှု မရှိတဲ့အတွက် လှောင်ပြောင်တဲ့ ပို့စ်တွေကို တင်ထားပါတယ်။ Samsung က Galaxy Z Fold / Flip Series Foldable စမတ်ဖုန်းတွေကို ဈေးကွက်ထဲမှာ ရောင်းချထားတာ ၂ နှစ်ကျော်ကြာနေပြီ ဖြစ်ပေမယ့် Apple က Foldable စမတ်ဖုန်းကို အခုထက်ထိ မရောင်းချနိုင်သေးဘူးလို့ ပြောပါတယ်။ iPhone 14 Pro Series တွေမှာ 48MP ပင်မ ကင်မရာပဲ ပါလာပြီး Samsung က 108MP ကင်မရာ ပါတဲ့ Galaxy S20 Ultra ကို ရောင်းချထားတာ ၂ နှစ်ကျော်ကြာနေပါပြီ။

Samsung

Samsung က iPhone 14 Series ကြေညာပြီးနောက်တစ်နေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ  iPhone ကို လှောင်ပြောင်ဖို့အတွက် Galaxy Z Flip 4 Foldable စမတ်ဖုန်း ကြော်ငြာကို မျှဝေခဲ့ပါသေးတယ်။ ကြော်ငြာထဲမှာ ခေါက်ချိုးလို့ မရတဲ့ iPhone နဲ့ Galaxy Z Flip 4 ကို နှိုင်းယှဉ်ပြသခဲ့ပါတယ်။

user tweet

Samsung ဟာ iPhone အသစ်ထွက်တိုင်း Apple ကို လှောင်ပြောနေကျ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက iPhone X မှာ နားကြပ်ပေါက် မပါလာတာကို ထိုးနှက်ခဲ့ပါသေးတယ်။

Ref : gizchina