Samsung ဟာ အခုနောက်ပိုင်းမှာ 5G Network ကို Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range A Series ဖုန်းတွေမှာပါ ထည့်သွင်းလာပြီဖြစ်ပါတယ်။ လောလောဆယ်မှာလည်း Galaxy A51 5G နဲ့ A71 5G ဆိုပြီး A Series Model ၂ မျိုးကို အဓိကရောင်းချနေတာဖြစ်ပါတယ်။

အခုလည်း Samsung ကနေ ကုမ္ပဏီရဲ့ စျေးအသက်သာဆုံး Galaxy A Series 5G စမတ်ဖုန်းဖြစ်တဲ့ Galaxy A42 5G ကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ Galaxy A42 5G ဟာ £349 (မြန်မာငွေ ၅ သိန်း ၃ သောင်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတေ့ာ Galaxy A42 5G စမတ်ဖုန်းဟာ Qualcomm ရဲ့ Snapdragon 750G Chipset အသစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။RAM အနေနဲ့ကတော့ 4GB ကနေ 8GB အထိ ပါဝင်မှာဖြစ်ပြီး 128GB Storage ကိုမှ MicroSD Card ကနေ ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Display ပိုင်းအနေနဲ့ကတော့ 6.6″ HD+ Super AMOLED Display ကို အသုံးပြုထားတာဖြစ်ပါတယ်။ Selfie Camera အတွက်ကတော့ 20MP Sensor ကို Waterdrop Notch Design နဲ့ ထည့်သွင်းပေးထားပါတယ်။ Back Camera အနေနဲ့ 48MP Primary + 8MP Ultrawide + 5MP Depth + 5MP Macro Sensor တွေပါဝင်တဲ့ Quad Camera Setup ပါဝင်မှာပါ။

Battery အနေနဲ့ကတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 15W Adaptive Fast Charging ကိုပဲ Support ပြုလုပ်မှာဖြစ်ပါတယ်။ Fingerprint Sensor ကိုတော့ တခြားသော Galaxy A Series ဖုန်းတွေလိုမျိုးပဲ On-Screen Fingerprint ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy A42 5G စမတ်ဖုန်းဟာ လောလောဆယ်မှာ Europe စျေးကွက်အတွက်ပဲ အရင်ဆုံးရောင်းချသွားမှာဖြစ်ပြီး OnePlus Nord လိုမျိုး စမတ်ဖုန်းတွေနဲ့ ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

Ref – The Verge