Samsung ဟာ အခုအချိန်မှာ ၂၀၂၂ ခုနှစ်အတွက် ရောင်းချသွားမယ့် Monitor ၃ မျိုးကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Monitor တွေဟာ လာမယ့် ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ပြုလုပ်သွားမယ့် CES 2022 မှာ မိတ်ဆက်ဖို့ စီစဥ်ထားတာဖြစ်ပေမယ့် CES 2022 ဟာ Covid အခြေအနေကြောင့် ပါဝင်သူနည်းပါးသွားပြီး Samsung ကိုယ်တိုင်လည်း တက်ရောက်ဖို့ကို ငြင်းပယ်ခဲ့တာကြောင့် အခုလိုမိတ်ဆက်လိုက်တာဖြစ်ပါတယ်။

အဆိုပါ Monitor တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးကတော့ Odyssey Neo G8 ပဲဖြစ်ပါတယ်။ ဒီ Monitor ကတော့ 32-inch 1000R Curved Monitor အမျိုးအစားဖြစ်ပြီး တကမ္ဘာလုံးမှာ ပထမဆုံးအနေနဲ့ 4K 240Hz ကို Support ပြုလုပ်တဲ့ Monitor လည်းဖြစ်ပါတယ်။ ဒီအတွက် Samsung ရဲ့ ကိုယ်ပိုင် Quantum Mini LED Backlighting နည်းပညာကို အသုံးပြုထားတယ်လို့လည်း သိရပါတယ်။

ဒီလိုမျိုး Mini LED Backlighting စနစ်ဟာ ပုံမှန် LED တွေထက် အပုံ ၄၀ ပုံ ၁ ပုံပဲ နေရာယူသလို Samsung ရဲ့ Quantum Matrix နဲ့ Quantum HDR 2000 နည်းပညာတွေကြောင့် အမြင့်ဆုံး 2000Nits Peak Brightness အထိ ရရှ်နိုင်မှာဖြစ်ပါတယ်။ Dual HDMI 2.1 ၂ ပေါက်နဲ့ DisplayPort 1.4 တွေပါဝင်သလို တွဲဖက်အသုံးပြုထားတဲ့ Device တွေထဲက စက်ဖွင့်လိုက်တာနဲ့ အလိုအလျောက်ချိတ်ဆက်ပေးနိုင်မယ့် Auto Source Switch+ Feature လည်းပါဝင်မှာပါ။ Monitor နောက်ဖက်မှာလည်း Screen မှာ ပြသနေတဲ့ Content အပေါ်လိုက်ပြီး ပြောင်းလဲပေးတဲ့ RGB Lighting လည်းပါဝင်ဦးမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Samsung ကနေ Webcam အပြင် Google Duo ကို ထည့်သွင်းထားတဲ့ Smart Monitor M8 ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Monitor ဟာ 32-inch ၊ UHD Resolution ရှိပြီး Streaming App တွေကို ထည့်သွင်းပေးထားတာကြောင့် သီးသန့် Device မလိုအပ်ဘဲ Smart TV လိုမျိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီအတွက်လည်း Wireless Remote Control ကိုပါ ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။

နောက်ဆုံး Monitor ကတော့ Samsung S8 ဖြစ်ပြီး Content Creation တွေအတွက် ဦးစားပေးထုတ်လုပ်ထားတာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ 32-inch သို့မဟုတ် 27-inch ၂ မျိုးထွက်ရှိပြီး UHD Resolution ရှိမှာဖြစ်ပါတယ်။ Underwriters Laboratories ရဲ့ Glare-free Monitor အဖြစ် ပထမဆုံးအနေနဲ့ သတ်မှတ်ခံထားရတာကြောင့် အလင်းရောင်အောက်မှာလည်း Color တွေကို ထိခိုက်မှုမရှိဘဲ အသုံးပြုနိုင်မှာပါ။

Specification တွေအနေနဲ့ကတော့ 98% DCI-P3 Color Space ၊ VESA DisplayHDR 600 Certification နဲ့ Wired LAN တွေကို Support ပေးနိုင်မှာပါ။ USB-C လည်းပါဝင်ပြီးတော့ ချိတ်ဆက်ထားတဲ့ Laptop တွေကို 90W Charging အပြင် Ethernet Data ကိုပါ Transfer လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

Samsung ကတော့ ယခု Monitor တွေကို ၂၀၂၂ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့ပြီး အသေးစိတ်ကိုတော့ CES 2022 ကြမှပဲ သိရှိရမှာဖြစ်ပါတယ်။

Ref – GSM Arena