Samsung က ကမ္ဘာ့ ပထမဆုံး 24GB GDDR7 DRAM Memory Chip ကို တီထွင်လိုက်တယ်လို့ ကြေညာလိုက်ပြီး စွမ်းရည်မြင့် GPUs (Graphics Processing Units) တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ အဲဒီ Memory Chip အသစ်ဟာ ပမာဏ အများဆုံး ဖြစ်သလို အမြန်ဆုံးလည်း ဖြစ်ပါတယ်။ နောက်နှစ်မှာ ထွက်မယ့် စွမ်းရည်မြင့် GPU တွေမှာ ထည့်သွင်း အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည် နဲ့ စွမ်းအင် စားသုံးမှု အပိုင်းမှာ သိသိသာသာ ပိုကောင်းလာမှာပါ။

Samsung develops industry's first 24Gb GDDR7 chip - The Korea Times

Samsung က အဲဒီ Memory Chip မှာ Pulse-Amplitude Modulation (PAM3) လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုထားပြီး ဒေတာ ကူးပြောင်းမှုနှုန်းဟာ 40Gbps အထိ ရှိပါတယ်။ အရင်မျိုးဆက် GDDR Chip တွေထက် ၂၅ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ တချို့ အခြေအနေတွေမှာ အမြန်နှုန်းဟာ 42.5Gbps အထိ ရတတ်ပါတယ်။

Samsung unveils industry's first 24Gb GDDR7 DRAM • The Register

အဲဒီ Memory Chip ကို Samsung ရဲ့ အဆင့်မြင့် 5th-Generation 10nm Manufacturing Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Memory ပမာဏ ၅၀ ရာခိုင်နှုန်း ပိုများလာပေမယ့် Chip အရွယ်အစားက အရင်မျိုးဆက်တွေနဲ့ တူညီပါတယ်။ Samsung က စွမ်းအင် စားသုံးမှု ၃၀ ရာခိုင်နှုန်း နည်းပါးအောင် ပြုလုပ်ထားပါတယ်။

Samsung ရဲ့ GDDR7 DRAM ကို AI , Large Data Center နဲ့ ကြီးမားတဲ့ Graphics Processing အလုပ်တွေလို စွမ်းရည်မြင့် လုပ်ငန်းတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဲဒီ Chip ကို အနာဂတ်မှာ ဂိမ်းစက်၊ ကွန်ပြူတာနဲ့ စမတ်ဆက်သွယ်မှု ပါတဲ့ အဆင့်မြင့် ကားတွေမှာ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ref : gizmochina