Samsung ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Galaxy S9 နဲ့ Note 9 စမတ်ဖုန်းတွေအတွက် OneUI 2.5 Update ကိုထုတ်ပေးသွားမယ်ဆိုပြီး အတည်ပြုခဲ့ပါတယ်။ ဒါက ပုံမှန်အားဖြင့် ထွက်ရှိထားတာ ၃ နှစ်လောက်ရှိနေတဲ့ Samsung Flagship ဖုန်းတွေအတွက် ထူးခြားတဲ့သတင်းတစ်ခုလို့တောင် ပြောလို့ရပါတယ်။

အခုလည်း Samsung ကနေ အဆိုပါ Galaxy S9 နဲ့ Note 9 ဖုန်းတွေအတွက် OneUI 2.5 Update ကို စတင်ဆောင်ရွက်နေပြီလို့ ထပ်မံအတည်ပြုခဲ့ပါတယ်။ အဆိုပါသတင်းကိုလည်း တောင်ကိုရီးယားနိုင်ငံရဲ့ Samsung Community Moderator ကိုယ်တိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Samsung Galaxy S9 နဲ့ Note 9 စမတ်ဖုန်းတွေအတွက် OneUI 2.5 Update ဟာ Android 11 OS ကို အခြေခံလာနိုင်သလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ Android 11 OS Update အစား OneUI 2.5 Update ကိုပဲရရှိလာနိုင်ဖွယ်ရှိနေပါတယ်။

OneUI 2.5 Update ဟာ ပုံမှန်အားဖြင့် OneUI 2.1 နဲ့ဆင်တူပေမယ့် Samsung Notes App မှာ Feature အသစ်တွေနဲ့ တခြားသော Third-party Launcher တွေအတွက် Gesture Support ရရှိလာတာလိုမျိုး အသုံးဝင်တဲ့ Feature တွေပါဝင်လာမှာဖြစ်ပါတယ်။ ဒါပေမယ့် Galaxy S9 နဲ့ Note 9 ဖုန်းတွေအတွက် Wireless Dex လိုမျိုး Note 20 Series ဖုန်းတွေမှာ ပါဝင်လာတဲ့ Feature တွေရရှိလာဖို့ကတော့ မသေချာသေးပါဘူး။

Ref – Giz China