Samsung က 12GB LPDDR5 DRAM ကို အမြောက်အများ ထုတ်လုပ်ပြီး ၅ လအကြာမှာ 16GB Modules တွေကို Pyeongtaek က စက်ရုံမှာ စတင်ထုတ်လုပ်နေပါပြီ။ ကုမ္ပဏီက အဲဒီ မော်ဒယ်ကို ဒုတိယမျိုးဆက် 10nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး 5,500Mb/s Data Transfer Speed ကို ထောက်ပံ့ပေးတယ်လို့ ကြေညာလိုက်ပါတယ်။

အဲဒီ ပလက်ဖောင်းမှာ 12-gigabit Chips ၈ ခုနဲ့ 8-gigabit Chips ၄ ခု ပါပြီး ဒီနေ့ခေတ် စွမ်းရည်မြင့် Laptop နဲ့ Gaming PC တွေမှာ ပါတဲ့ DRAM ပမာဏရဲ့  ၂ ဆရှိပါတယ်လို့ Samsung က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ စွမ်းအား၊ စွမ်းဆောင်ရည် ၊ အမြန်နှုန်း၊ အဆင့်မြင့် 5G နဲ့ AI Features တွေအတွက် ဒီလို ပမာဏများတဲ့ နည်းပညာကို ဖန်တီးရတာ ဖြစ်ပါတယ်။

Samsung က တတိယမျိုးဆက် 10nm-class (1z) Process နည်းပညာနဲ့တည်ဆောက်ထားတဲ့ 16GB LPDDR5 RAM ကိုလည်း ဒီနှစ်နှောင်းပိုင်းမှာ အမြောက်အများ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး Data Transfer Speed ဟာ 6,400 Mb/s အထိ ပံ့ပိုးပေးတယ်လို့ ပြောပါတယ်။ Samsung ရဲ့ ဒီနည်းပညာက စွမ်းရည်မြင့် စမတ်ဖုန်း၊ ပီစီနဲ့ ကားတွေလို ဈေးကွက်တွေမှာ ပြိုင်ဖက်တွေထက် အသာရစေမှာပါ။

Ref : gsmarena