Avi Cloud (AVC) က “Global TV Brand Shipment Monthly Data Report” ကို ထုတ်ပြန်ကြေညာလိုက်ပြီး ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်ရဲ့ TV ရောင်းအားကို ဖော်ပြထားပါတယ်။ ပထမနှစ်ဝက်မှာ Smart TV အလုံးရေ ၉၈.၃ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၆.၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

OLED TV အလုံးရေ ၂.၇ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၁၃၃.၃ ရာခိုင်နှုန်းတောင် များလာတဲ့အတွက် OLED TV ရောင်းအား အရမ်းကို တိုးတက်လာတာတွေ့ရပါတယ်။ တရုတ် ကုမ္ပဏီတွေရဲ့ OLED Display ထုတ်လုပ်မှု ပမာဏ များပြားလာတဲ့အတွက် အခုလို OLED TV ရောင်းအား အရမ်းတက်လာတာ ဖြစ်ပါတယ်။

Brand တွေအကြောင်းပြောရရင် Samsung ဟာ ဒီနှစ် ပထမနှစ်ဝက်မှာ Smart TV အလုံးရေ ၂၀.၈ သန်းနဲ့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။ အရင်နှစ်ကထက် ၁၁.၉ ရာခိုင်နှုန်း တိုးတက်လာတာပါ။ ကမ္ဘာ့ Smart TV ဈေးကွက်မှာ Samsung ဦးဆောင်နေတာ ၂၀၂၁ ခုနှစ်မှာ ၁၅ နှစ် ဆက်တိုက် အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ပြိုင်ဖက် ကိုရီးယား ကုမ္ပဏီဖြစ်တဲ့ LG က နံပါတ် ၂ ရောင်းအား အကောင်းဆုံး ဖြစ်ပြီး ၁၃.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။

တရုတ် ကုမ္ပဏီ TCL က ၁၁.၁ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ရောင်းအား ပိုကောင်းလာပါတယ်။ ကမ္ဘာ့ Smart TV ဈေးကွက်မှာ  နံပါတ် ၃ နေရာကို ရထားသလို တရုတ်မှာတော့ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

Hisense က ၈.၄ သန်းနဲ့ နံပါတ် ၄ နေရာကို သိမ်းပိုက်ထားပြီး အရင်နှစ်ကထက် ၅.၅ ရာခိုင်နှုန်း တက်လာပါတယ်။ Xiaomi က နံပါတ် ၅ နေရာကို ၅.၄ သန်းနဲ့ ပိုင်ဆိုင်ထားပါတယ်။ TV ရောင်းအား အကောင်းဆုံး ကုမ္ပဏီ ၁၀ ခု စာရင်းမှာ Sony , Vizio , Philips+AOC , Skyworth နဲ့ Sharp တို့ အစဉ်လိုက် ပါဝင်နေပါတယ်။

Ref : gizmochina