MediaTek ဟာ စွမ်းရည်မြင့် Chip နယ်ပယ်ကို အရှိန်အဟုန်နဲ့ ဝင်ရောက်လာပြီး အရင်နှစ်က Dimensity 9000 ကို ပွဲထုတ်ခဲ့ပါတယ်။ အဲဒီ Chip ကို OPPO Find X5 Pro မှာ ထည့်သွင်းထားတာ မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ အဲဒီ Chip ကို အကြီးမားဆုံး Android ဖုန်း ကုမ္ပဏီတွေထဲမှ ၁ ခုက အသုံးပြုတော့မယ်လို့ သတင်းထွက်လာပါတယ်။

MediaTek on the Dimensity 9000: "There's only one company having heating issues and it's not us", plans to offer Windows on ARM SoCs in the near future - NotebookCheck.net News

တရုတ် Tipster ၁ ယောက်က Samsung ဟာ MediaTek Dimensity 9000 ပါတဲ့ ဖုန်း ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းပေးလာပါတယ်။ အရင်ကလည်း အလားတူ သတင်းမျိုး ထွက်ပေါ်လာခဲ့ဖူးပါတယ်။ တရုတ် Tipster က အဲဒီ ဖုန်းမှာ 4,500mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး ဒေါ်လာ ၄၇၀ နဲ့ ၆၃၀ အကြားမှာ ရှိနိုင်တယ်လို့ ပြောပါတယ်။

Source: the first smartphone based on the MediaTek Dimensity 9000 chip will hit the market in February | gagadget.com

အဲဒီ ဖုန်းဟာ Galaxy S22 FE သို့မဟုတ် Galaxy A53 Pro ဖြစ်မယ်လို့ ပြောနေကြပေမယ့် A Series ထဲမှာ Pro Version မထုတ်လုပ်ဖူးသေးတာက စဉ်းစားစရာ ဖြစ်ပါတယ်။ တခြား သတင်းတွေက အဲဒီဖုန်းဟာ Galaxy A83 သို့မဟုတ် A93 ဖြစ်နိုင်တယ်လို့လည်း ပြောနေကြပါတယ်။ Galaxy S22 FE မှာ အဲဒီ Chip တကယ် ပါလာမယ်ဆိုရင် မတူညီတဲ့ Chip ပါတဲ့ ပထမဆုံး FE မော်ဒယ် ဖြစ်လာမှာပါ။ ဘာလို့လည်းဆိုတော့ Galaxy S22 Series မှာ နိုင်ငံအပေါ်မူတည်ကာ Snapdragon 8 Gen 1 နဲ့ Exynos 2200 Chip ကို သုံးထားလို့ ဖြစ်ပါတယ်။

Dimensity 9000 ပါမယ့် Samsung ရဲ့ ဖုန်းကို လက်ရှိအချိန်မှာ တိတိကျကျ ခန့်မှန်းဖို့ စောလွန်းပါသေးတယ်။ Samsung ဟာ အရင်ကလည်း MediaTek Chipset ကို သုံးဖူးပြီး အရင်နှစ်ထုတ် Galaxy A32 5G မှာ MediaTek Dimensity 720 ထည့်သွင်းပေးထားပါတယ်။

Ref : androidpolice