Samsung ဟာ 200MP ISOCELL HP1 ကင်မရာကို ပြီးခဲ့တဲ့ စက်တင်ဘာလက ပြသခဲ့ပေမယ့် အခုထက်ထိ စမတ်ဖုန်းတွေမှာ ထည့်သွင်းထားခြင်း မရှိသေးပါဘူး။ Samsung ရဲ့ ပထမဆုံး 200MP ကင်မရာ စမတ်ဖုန်းကို စောင့်နေတုန်းမှာပဲ ကိုရီးယား မီဒီယာ ETNews က Samsung ဟာ 200MP ကင်မရာ Sensor အသစ်ကို ဖန်တီးလို့ပြီးပြီဖြစ်ပြီး နောက်နှစ်ထွက်မယ့် Galaxy S23 Ultra မှာ ထည့်သွင်းထားနိုင်တယ်လို့ ပြောပါတယ်။

ETNews က Samsung ရဲ့ ကင်မရာ ဌာန ဖြစ်တဲ့ Samsung Electro-Mechanics ဟာ 200MP Sensor အသစ်ရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ Samsung Electronics က ၃၀ ရာခိုင်နှုန်းကို ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Samsung ISOCELL HP1 is a 200MP camera sensor for smartphones

လက်ရှိမှာ အဲဒီ 200MP ကင်မရာ Sensor အသစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Samsung ဟာ အဲဒီ ကင်မရာကို ဖန်တီးပြီးပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ သတင်းအချက်အလက်တွေကို သိလာရတော့မှာပါ။

200MP Sensor အသစ်ဟာ Galaxy S22 Ultra ရဲ့ 108MP ထက် ၂ ဆနီးပါးရှိပါတယ်။ Galaxy S20 နဲ့ S21 Series တွေမှာလည်း 108MP ကင်မရာကို သုံးထားကြပါတယ်။ 200MP ကင်မရာ အသစ်ဟာ S23 ကို အရင်မျိုးဆက်ထက် ကင်မရာအပိုင်းမှာ တိုးတက်မှုများစွာ ယူဆောင်ပေးမှာဖြစ်ပြီး Apple iPhone 14 ကို ယှဉ်ပြိုင်နိုင်မှာပါ။

Ref : gizmochina