Unicode

Samsung ကနေ မနှစ်တုန်းက စတင်မိတ်ဆက်လာခဲ့တဲ့ Galaxy Fold ဟာ စတင်ရောင်းချချိန်မှာ ပြဿနာတွေရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ Samsung ကနေ ပြန်လည် ပြင်ဆင်ပြီး ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Galaxy Z Flip အပြင် Galaxy Fold 2 အသစ်ကိုပါ ယခုနှစ်အတွင်းမှာ ရောင်းချသွားတော့မှာပါ။

ဒါတင်မဟုတ်သေးဘဲ Samsung ကနေ ဒီ Foldable Phone စျေးကွက်ကို အခုထက်ပိုပြီး မျှော်မှန်းထားပုံရပါတယ်။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထုတ်ပြန်ခဲ့တဲ့ စတုတ္ထ ၃ လပတ် Financial Report အရ ၂၀၂၀ မှာ Foldable Phone အလုံးရေ ၅ သန်းကနေ ၆ သန်းအထိ ရောင်းချရဖို့ Samsung က ခန့်မှန်းခဲ့လို့ ဖြစ်ပါတယ်။

အစောပိုင်းတုန်းကလည်း Samsung Mobile Division ရဲ့ CEO ဖြစ်ခဲ့တဲ့ DJ Koh ကလည်း Foldable Phone ရောင်းချမှုကို တိုးမြှင့်သွားမယ်လို့ ပြောကြားခဲ့ဖူးပြီး အခုမှသာ ခန့်မှန်းအရေအတွက်ကို သိရှိရတာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Samsung ကနေ Motorola Razr လိုမျိုး ခေါက်ဖုန်း Design နဲ့ Galaxy Z Flip ဖုန်းသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး Galaxy Fold 2 ကိုတော့ Galaxy Note Series ဖုန်းသစ်နဲ့အတူ နှစ်ဝက်နောက်ပိုင်းမှာ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။ နောက်ထပ် Foldable Phone တွေမိတ်ဆက်လာမလားဆိုတာကလည်း ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။

ဘာပဲဖြစ်ဖြစ် Samsung အတွက်ကတော့ ၂၀၂၀ ခုနှစ်ဟာ ပုံမှန် Flagship ဖုန်းတွေအပြင် Foldable Phone တွေကိုပါ ပိုပြီးအဓိကထားသွားမယ့် ပုံစံပါပဲ။

Ref – GSM Arena

Zawgyi

Samsung ကေန မႏွစ္တုန္းက စတင္မိတ္ဆက္လာခဲ့တဲ့ Galaxy Fold ဟာ စတင္ေရာင္းခ်ခ်ိန္မွာ ျပႆနာေတြရွိခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ Samsung ကေန ျပန္လည္ ျပင္ဆင္ၿပီး ေရာင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ အခုဆိုရင္ Galaxy Z Flip အျပင္ Galaxy Fold 2 အသစ္ကိုပါ ယခုႏွစ္အတြင္းမွာ ေရာင္းခ်သြားေတာ့မွာပါ။

ဒါတင္မဟုတ္ေသးဘဲ Samsung ကေန ဒီ Foldable Phone ေစ်းကြက္ကို အခုထက္ပိုၿပီး ေမွ်ာ္မွန္းထားပုံရပါတယ္။ ဘာေၾကာင့္လဲဆိုရင္ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ထုတ္ျပန္ခဲ့တဲ့ စတုတၳ ၃ လပတ္ Financial Report အရ ၂၀၂၀ မွာ Foldable Phone အလုံးေရ ၅ သန္းကေန ၆ သန္းအထိ ေရာင္းခ်ရဖို႔ Samsung က ခန္႔မွန္းခဲ့လို႔ ျဖစ္ပါတယ္။

အေစာပိုင္းတုန္းကလည္း Samsung Mobile Division ရဲ႕ CEO ျဖစ္ခဲ့တဲ့ DJ Koh ကလည္း Foldable Phone ေရာင္းခ်မႈကို တိုးျမႇင့္သြားမယ္လို႔ ေျပာၾကားခဲ့ဖူးၿပီး အခုမွသာ ခန္႔မွန္းအေရအတြက္ကို သိရွိရတာျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ Samsung ကေန Motorola Razr လိုမ်ိဳး ေခါက္ဖုန္း Design နဲ႔ Galaxy Z Flip ဖုန္းသစ္ကို လာမယ့္ ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး Galaxy Fold 2 ကိုေတာ့ Galaxy Note Series ဖုန္းသစ္နဲ႔အတူ ႏွစ္ဝက္ေနာက္ပိုင္းမွာ မိတ္ဆက္လာဖြယ္ရွိေနပါတယ္။ ေနာက္ထပ္ Foldable Phone ေတြမိတ္ဆက္လာမလားဆိုတာကလည္း ဆက္ၿပီး ေစာင့္ၾကည့္ရဦးမွာပါ။

ဘာပဲျဖစ္ျဖစ္ Samsung အတြက္ကေတာ့ ၂၀၂၀ ခုႏွစ္ဟာ ပုံမွန္ Flagship ဖုန္းေတြအျပင္ Foldable Phone ေတြကိုပါ ပိုၿပီးအဓိကထားသြားမယ့္ ပုံစံပါပဲ။

Ref – GSM Arena