Samsung ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Galaxy A01 နာမည်နဲ့ Budget Entry A Series စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Galaxy A01 ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် Galaxy A02 ဖုန်းသစ်ကို မိတ်ဆက်လာတော့မယ်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Galaxy A02 လို့ ယူဆရတဲ့ Model Number SM-A025F နာမည်နဲ့ စမတ်ဖုန်းတစ်လုံးက Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာ စတင်မြင်တွေ့ရတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် Galaxy A02 ရဲ့ အချက်အလက်တချို့ကိုလည်း သိရှိရပြီဖြစ်ပါတယ်။

အရင်ဆုံး Performance ပိုင်းမှာတော့ Samsung ကနေ Galaxy A02 ဖုန်းမှာ ပြီးခဲ့တဲ့ ၂ နှစ်ကုန်တုန်းက Budget Chipset တစ်ခုဖြစ်တဲ့ Qualcomm Snapdragon 450 Chipset ကိုပဲ ဆက်လက်အသုံးပြုထားတာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 2GB ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Android Go OS အစား Samsung ရဲ့ OneUI ကိုပဲ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Samsung Galaxy A02 စမတ်ဖုန်းဟာ Entry ဖုန်းတစ်လုံးဖြစ်တဲ့အတွက် 5.7″ HD+ Display ပဲ ပါဝင်မှာဖြစ်ပေမယ့် Camera Setup အနေနဲ့ကတော့ Dual Camera Setup ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်တုန်းက Galaxy A01 ထက်တော့ Camera ပိုင်းမှာ ပိုကောင်းလာဖွယ်ရှိနေပါတယ်။

Ref – Giz China