Samsung Galaxy A04s ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းက အရင်မျိုးဆက်နဲ့ အများကြီး မကွာခြားပါဘူး။ OnLeaks က Galaxy A04s ရဲ့ အရွယ်အစား အပြည့်အစုံဟာ 164.5 x 76.5 x 9.18 mm ဖြစ်တယ်လို့ ပြောတဲ့အတွက် A03s ထက် ၁ မီလီမီတာပဲ ပိုကြီးမားပါတယ်။ ဒါပေမယ့် မျက်နှာပြင် အရွယ်အစားက တူညီတဲ့ ၆.၅ လက်မပဲ ဖြစ်မယ်လို့ထင်ရပြီး HD+ Resolution ထည့်ထားနိုင်ပါတယ်။

ဓါတ်ပုံမှာ အနောက်ဘက် ဒီဇိုင်းကို ဆန်းသစ်ထားတာ မြင်ရပါတယ်။ အနောက်ဘက်မှာ အရင်လိုပဲ ကင်မရာ ၃ လုံး ထည့်သွင်းထားပေမယ့် အသေးစိတ် သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။ Galaxy S22 Ultra မှာလို ကင်မရာ Bump မပါလာဘဲ Lenses တွေပဲ ငေါထွက်နေပါတယ်။

အောက်ခြေမှာ နားကြပ်ပေါက်နဲ့ ဘေးဘက်က ပါဝါခလုတ်အောက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး တခြားတစ်ဘက်မှာ SIM+microSD Slot ထည့်ထားနိုင်ပါတယ်။

Galaxy A04s ရဲ့ Specs တွေကို မသိရသေးတဲ့အတွက် A03s ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင် ၆.၅ လက်မ HD+ LCD (60Hz) , Helio P35, 13+2+2MP အနောက်ကင်မရာ, 5MP အရှေ့ ကင်မရာ, 5,000mAh ဘက်ထရီနဲ့ 15W Charging တွေ ထည့်သွင်းထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို အိန္ဒိယမှာ ၁၁,၅၀၀ ရူပီးနဲ့ ရောင်းချထားပြီး မြန်မာငွေ ၂၈၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena