[Unicode]

၂၀၂၀ ဇန်နဝါရီလဆန်းပိုင်းလောက်ကတည်းက Galaxy A31 နဲ့ A41 တို့ရဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒါပေမယ့် Galaxy A11 နဲ့ပတ်သက်တဲ့သတင်းကတော့ တိတ်ဆိတ်နေခဲ့ပြီး အခုမှထွက်လာတာပါ။

ထွက်လာတဲ့သတင်းအရ Galaxy A11 ဟာ ကျောဘက်ကင်မရာ သုံးလုံးပါဝင်မှာဖြစ်ပြီး ကြီးမားတဲ့ပမာဏနဲ့ ဘက်ထရီကို ထည့်သွင်းထားမယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးဟာ Galaxy A11 ကို လာမယ့်ရက်သတ္တပတ်အတွင်းမှာ မိတ်ဆက်လာမယ်လို့ မျှော်လင့်ထားကြောင်း SamMobile က ရေးသားဖော်ပြထားပါတယ်။

ပထမနှစ်ဝက်အတွင်း နောက်ထပ် Mid-range တွေ ထပ်ပြီးထွက်လာဖို့ မျှော်လင့်နေကြတုန်းမှာ Galaxy A11 ကို FCC (Federal Communications Commission) မှာ Certified ရသွားတာကို တွေ့လိုက်ရတာပဲ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ် SM-A115F နဲ့ အသိအမှတ်ပြုခံထားရတာဖြစ်ပြီး ဒီနှစ်ထဲမှာ စပြီးဖြန့်ချိမယ့် ဈေးအသက်သာဆုံး Galaxy A Series တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါလိမ့်မယ်။

Galaxy A11 ဟာ A10 ထက်နည်းနည်းပိုမြင့်တယ်လို့ ဆိုရမှာပါ။ Snapdragon 625 ဒါမှမဟုတ် 626 processor သုံးထားဖွယ်ရှိပါတယ်။ နောက်ထပ်အားသာချက်တွေက 4,000mAh ဘက်ထရီနဲ့ ကျောဘက်ကင်မရာကို သုံးလုံးအထိ တပ်ဆင်ထားတာပါ။ ဒါတွေကတော့ Galaxy A10 ထက် ပိုပြီးသာတဲ့အချက်တွေပါ။

Galaxy A11 ဟာ ကျောဘက်မှာ Fingerprint ပါဝင်တာကို တွေ့ရပါတယ်။ အနည်းဆုံးတော့ 2GB of RAM နဲ့ 32GB Storage ဖြစ်ဖွယ်ရှိပါတယ်။ အနက်၊ အပြာ၊ အနီနဲ့ အဖြူဆိုပြီး အရောင်လေးရောင်လည်း ထွက်လာမယ်လို့ သိရပါတယ်။

Ref: Phone Arena

[Zawgyi]

Samsung Galaxy A11 မွာ ေက်ာဘက္ကင္မရာ သုံးလုံးနဲ႔ 4,000mAh ဘက္ထရီ ပါဝင္လာမယ္လို႔ သတင္းထြက္

၂၀၂၀ ဇန္နဝါရီလဆန္းပိုင္းေလာက္ကတည္းက Galaxy A31 နဲ႔ A41 တို႔ရဲ႕ သတင္းေတြထြက္ခဲ့ပါတယ္။ ဒါေပမယ့္ Galaxy A11 နဲ႔ပတ္သက္တဲ့သတင္းကေတာ့ တိတ္ဆိတ္ေနခဲ့ၿပီး အခုမွထြက္လာတာပါ။

ထြက္လာတဲ့သတင္းအရ Galaxy A11 ဟာ ေက်ာဘက္ကင္မရာ သုံးလုံးပါဝင္မွာျဖစ္ၿပီး ႀကီးမားတဲ့ပမာဏနဲ႔ ဘက္ထရီကို ထည့္သြင္းထားမယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားနည္းပညာကုမၸဏီႀကီးဟာ Galaxy A11 ကို လာမယ့္ရက္သတၱပတ္အတြင္းမွာ မိတ္ဆက္လာမယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း SamMobile က ေရးသားေဖာ္ျပထားပါတယ္။

ပထမႏွစ္ဝက္အတြင္း ေနာက္ထပ္ Mid-range ေတြ ထပ္ၿပီးထြက္လာဖို႔ ေမွ်ာ္လင့္ေနၾကတုန္းမွာ Galaxy A11 ကို FCC (Federal Communications Commission) မွာ Certified ရသြားတာကို ေတြ႕လိုက္ရတာပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္နံပါတ္ SM-A115F နဲ႔ အသိအမွတ္ျပဳခံထားရတာျဖစ္ၿပီး ဒီႏွစ္ထဲမွာ စၿပီးျဖန႔္ခ်ိမယ့္ ေဈးအသက္သာဆုံး Galaxy A Series ေတြထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါလိမ့္မယ္။

Galaxy A11 ဟာ A10 ထက္နည္းနည္းပိုျမင့္တယ္လို႔ ဆိုရမွာပါ။ Snapdragon 625 ဒါမွမဟုတ္ 626 processor သုံးထားဖြယ္ရွိပါတယ္။ ေနာက္ထပ္အားသာခ်က္ေတြက 4,000mAh ဘက္ထရီနဲ႔ ေက်ာဘက္ကင္မရာကို သုံးလုံးအထိ တပ္ဆင္ထားတာပါ။ ဒါေတြကေတာ့ Galaxy A10 ထက္ ပိုၿပီးသာတဲ့အခ်က္ေတြပါ။

Galaxy A11 ဟာ ေက်ာဘက္မွာ Fingerprint ပါဝင္တာကို ေတြ႕ရပါတယ္။ အနည္းဆုံးေတာ့ 2GB of RAM နဲ႔ 32GB Storage ျဖစ္ဖြယ္ရွိပါတယ္။ အနက္၊ အျပာ၊ အနီနဲ႔ အျဖဴဆိုၿပီး အေရာင္ေလးေရာင္လည္း ထြက္လာမယ္လို႔ သိရပါတယ္။

Ref: Phone Arena