Samsung Galaxy A Series တွေဟာ နိုင်ငံတချို့မှာ ရောင်းအား အကောင်းဆုံး ဖြစ်နေပြီး အခုတော့ Samsung က Galaxy A23 4G ကို ကြေညာလိုက်ပါတယ်။ Galaxy A23 4G ရဲ့ Specs ဟာ Galaxy A22 နဲ့ အများကြီး ကွဲပြားပါတယ်။ အဓိက ပြောင်းလဲမှု ၁ ခုက ၆.၄ လက်မ AMOLED (720x1600p, 90Hz) အစား ၆.၆ လက်မ LCD (1080x2408p, 60Hz) ကို သုံးထားတာပါ။ မျက်နှာပြင်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

ကင်မရာ အပိုင်းမှာလည်း ပြောင်းလဲမှုတွေ ရှိပြီး ပင်မ ကင်မရာ အနေနဲ့ 48MP အစား 50MP ကို သုံးထားပါတယ်။ ပင်မ ကင်မရာကို 5MP Ultrawide , 2MP Macro , 2MP Depth ကင်မရာတွေနဲ့အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Infographics: Samsung Galaxy A23

Samsung က Galaxy A23 4G မှာ ထည့်သွင်းထားတဲ့ Chipset အကြောင်း မပြောသေးပေမယ့် 4G စမတ်ဖုန်း ဆိုတာ သေချာပါတယ်။ Memory Configuration များစွာ ထုတ်လုပ်ထားပြီး 4, 6 , 8GB RAM နဲ့ 64 , 128GB Storage တွေ ထုတ်လုပ်ထားသလို microSD Card စိုက်နိုင်ပါတယ်။ Android 12 အခြေပြု One UI 4.1 မောင်းနှင်ထားပါတယ်။

အရင်နှစ်ထုတ် မော်ဒယ်မှာလိုပဲ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး အားသွင်း အမြန်နှုန်းက 15W ကနေ 25W အထိ တိုးတက်လာပါတယ်။ Samsung က Galaxy A23 4G ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena