ဇွန်လအစောပိုင်းမှာ Samsung က Galaxy A22 5G ကို ကြေညာလိုက်ပြီး အဲဒီအချိန်ကတည်းက 4G မော်ဒယ်ကို အိန္ဒိယမှာ ရောင်းချမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ 4G မော်ဒယ်ကို Samsung အိန္ဒိယ ဝက်ဘ်ဆိုက်မှာ စာရင်းတင်လိုက်ပြီ ဖြစ်ပါတယ်။
Galaxy A22 4G ကို ၁၈,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၄ သိန်းလောက် ကျသင့်မှာပါ။ 6GB RAM နဲ့ 128GB Storage ထည့်သွင်းထားပြီး Black နဲ့ Mint ၂ ရောင် ရွေးချယ်နိုင်ပါတယ်။ ၆.၄ လက်မ 720x1600p Super AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး အမြင့်ဆုံး အနေနဲ့ 600 nits Brightness ကို High Brightness Mode မှာ အသုံးပြုနိုင်ပါတယ်။
အနောက်ဘက်မှာ ကင်မရာ ၄ လုံး ထည့်သွင်းထားပြီး 48MP Main (OIS) , 8MP Ultrawide နဲ့ 2MP Depth နဲ့ 2MP Macro ကင်မရာ တွေ ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Samsung က Chipset သတင်းအချက်အလက်ကို မပြောသေးပေမယ့် CPU Speed ဟာ 2GHz Big Core နဲ့ 1.8GHz Little Core တွေ ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်ပေါက်ကြားသတင်းတွေအရ MediaTek Helio G80 သုံးထားမယ်လို့ သိရပါတယ်။
A22 မှာ microSD Card Slot ၊ Dual-SIM Support ၊ 3.5mm Headphone Jack ၊ ဘေးဘက် လက်ဗွေရာ ကိရိယာနဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 159.3 x 73.6 x 8.4 mm ဖြစ်ပြီး အလေးချိန်က ၁၈၆ ဂရမ် ဖြစ်ပါတယ်။
Ref : gsmarena