Samsung ဟာ လက်ရှိအချိန်မှာ Galaxy A Series ဖုန်းတွေအနေနဲ့ Galaxy A14 ၊​ Galaxy A34 နဲ့ Galaxy A54 ဖုန်းတွေကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Samsung Vietnam ကနေ နောက်ထပ် Galaxy A Series ဖုန်းအသစ်ဖြစ်တဲ့ Galaxy A24 ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါတယ်။

Samsung Galaxy A24 ဖုန်းဟာ 6.5″ Super AMOLED Display ကို အသုံးပြုထားပြီး Full HD+ Resolution ကို ထောက်ပံ့ပေးထားမှာဖြစ်ပါတယ်။ ဒါပေမယ့် Selfie Camera အတွက် 13MP Camera Sensor ကို Waterdrop Notch ပုံစံ ထည့်သွင်းထားပါတယ်။ Refresh Rate နဲ့ ပတ်သက်ပြီး တရားဝင်ပြောကြားခြင်းမရှိသေးပေမယ့် အစောပိုင်းသတင်းတွေအရ 90Hz Refresh Rate ပါဝင်မယ်လို့ သိရပါတယ်။

Chipset ပိုင်းမှာ MediaTek ရဲ့ Helio G99 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး 128GB Storage ပါဝင်မှာဖြစ်ပါတယ်။ RAM အနေနဲ့ကတော့ 6GB သို့မဟုတ် 8GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်သလို MicroSD Card ကနေလည်း Storage ကို ထပ်မံတိုးချဲ့နိုင်မှာဖြစ်ပါတယ်။​

Camera အတွက်ကတော့ 50MP Main Camera ကိုမှ 5MP Ultrawide နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။ Battery အနေနဲ့ 5000mAh Battery ကိုမှ 25W Charging ထောက်ပံ့ထားမှာပါ။​ Software ပိုင်းမှာ Android 13 OS ကို အခြေခံထားတဲ့ OneUI 5.1 ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy A24 ဖုန်းဟာ Black ၊ Burgundy ၊​ Green နဲ့ Silver ဆိုပြီး အရောင် ၄ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ $200 ဝန်းကျင်ကျသင့်နိုင်ပါတယ်။

Ref – GSM Arena