အဆင့်မြင့် Infinity မျက်နှာပြင်၊ အရည်အသွေးမြင့် ကျောဖက် ကင်မရာများနှင့် ကြာရှည်ခံ ဘက်ထရီများဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့်အတွက် အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား ပေးအပ်သွားနိုင်မည်ဖြစ်သည်။

Samsung Electronics Co. , Ltd. သည် သင့်တင့်မျှတမှု အရှိဆုံးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်မည့် နောက်ဆုံးပေါ် Galaxy A31 နှင့် Galaxy A11 စမတ်ဖုန်းအသစ်များအား မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။ အသုံးပြုသူများအား စိတ်ကျေနပ်မှုအပြည့် ပေးစွမ်းနိုင်မည့် စိတ်လှုပ်ရှားဖွယ် တီထွင်ဆန်းသစ်မှုများဖြင့် ပေါင်းစပ်ဖန်တီးထားသည့် ဤ Galaxy A31 နှင့် Galaxy A11 စမတ်ဖုန်းအသစ်များအား ကြီးမားကျယ်ပြန့်သော ၆.၄” Infinity မျက်နှာပြင်၊ အချိန်စက္ကန့်အမျှ အမှတ်တရများအား လက်မလွတ်တမ်း ကြည်လင်ပြတ်သားစွာ ရိုက်ကူးပေးနိုင်သည့် ကင်မရာများနှင့် တစ်နေ့တာလုံး ကြာရှည်ခံနိုင်စွမ်း ရှိသည့် ဘက်ထရီတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

“Samsung အနေနဲ့ အကောင်းမွန်ဆုံး စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံတွေနဲ့ အဆင့်အမြင့်မားဆုံး နည်းပညာတွေကို လူတိုင်း လူတိုင်းရဲ့ နေ့စဉ်ဘဝတွေဆီ သယ်ဆောင်လာပေးနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်နဲ့အညီ အသုံးပြုသူ တွေအတွက် အဆင့်အမြင့်မားဆုံး စမတ်ဖုန်းတွေကို သင့်တင့်မျှတမှု အရှိဆုံးဈေးနှုန်းနဲ့ ပေးအပ်နိုင်ဖို့ စဉ်ဆက်မပြတ် အားထုတ် ကြိုးပမ်း လုပ်ဆောင်နေပါတယ်။ အခု ကျွန်တော်တို့ အသစ် မိတ်ဆက်လိုက်တဲ့ Samsung Galaxy A31 နဲ့ A11 စမတ်ဖုန်းတွေဟာဆိုရင်လည်း ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဒီဇိုင်း၊ အရည်အသွေးမြင့် မျက်နှာပြင်၊ အဆင့်မြင့် ကင်မရာ လုပ်ဆောင်ချက်နဲ့ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေကို ပေါင်းစပ်ဖန်တီးထားတဲ့အတွက် အသုံးပြုသူတိုင်းရဲ့ နေ့စဉ် ဘဝအတွက် သင့်တော်မှုအရှိဆုံး စမတ်ဖုန်းတွေပဲ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Galaxy A31 – မိမိနှစ်သက်သည့် အရာများအား စိတ်ကျေနပ်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန် ဖန်တီးပေးနိုင်မည့် စမတ်ဖုန်း

Galaxy A31 စမတ်ဖုန်းအား aspect ratio ၂၀:၉၊ ၆.၄” FHD + Super AMOLED Infinity-U မျက်နှာပြင်ဖြင့် တည်ဆောက်ထားသည့်အတွက် သုံးစွဲသူများအနေနှင့် ၎င်းတို့ အကြိုက်နှစ်သက်ဆုံးသော ဒီဂျစ်တယ် ဖျော်ဖြေရေး အစီအစဉ်များ၊ အက်ပလီကေးရှင်းများ၊ ရုပ်ရှင်ဗီဒီယိုများနှင့် အခြားသော အစီအစဉ်များ၊ အကြောင်းအရာများအား စိတ်ကျေနပ်မှု အပြည့်ဖြင့် ကြည့်ရှုခံစားသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် Galaxy A31 စမတ်ဖုန်းတွင် Dolby Atmos အသံစနစ်ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် ကြည်လင်ပြတ်သားမှု အပြည့်ရှိသော 3D အသံစနစ်အား ခံစားနိုင်မည် ဖြစ်သည်။

Galaxy A31 စမတ်ဖုန်းတွင် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် ကျောဖက်ကင်မရာ ၄ လုံး (48 MP main camera + 8 MP Ultra Wide camera + 5 MP Depth camera + 5 MP Macro camera) တပ်ဆင်ပေးထားသည့် အတွက် ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာရိုက်ကူးမှု အတွေ့အကြုံအား ရရှိခံစားနိုင်မည် ဖြစ်ပြီး သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် ပုံရိပ်များအား ရိုက်ကူးသွားနိုင်မည် ဖြစ်သည့်အပြင် အနီးကပ် ပုံရိပ်များအား ရိုက်ကူးရာတွင်လည်း အသေးစိတ် ကြည်လင်ပြတ်သားစွာ ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် live focus လုပ်ဆောင်ချက် ပါဝင်သည့် 20 MP ရှေ့ကင်မရာသည်လည်း မည့်သည့်ပုံစံ အနေအထားတွင်မဆို၊ အရည်အသွေးမြင့်ပုံရိပ်များအား ရိုက်ကူး ပေးနိုင်စွမ်း ရှိမည် ဖြစ်သည်။

Galaxy A31 စမတ်ဖုန်းတွင် 15W fast charging စနစ်ထောက်ပံ့ထားသည့် 5,000 mAh ဘက်ထရီအား ထည့်သွင်းပေးထားသည့်အတွက် သုံးစွဲသူများအနေနှင့် တစ်နေ့တာလုံး အပူအပင်မရှိ စိတ်ကြိုက် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် မှတ်ဥာဏ်တုစနစ် ပါရှိသည့် Game Booster ကိုလည်း ထည့်သွင်းပေးထားသည့် အတွက် အကောင်းမွန်ဆုံး မိုဘိုင်းဂိမ်းကစားမှု အတွေ့အကြုံများအား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

Galaxy A11 – နေ့စဉ်လိုအပ်ချက်များအတွက် အသင့်တော်ဆုံး စမတ်ဖုန်း

Galaxy A11 စမတ်ဖုန်းသည် ကိုင်တွယ် အသုံးပြုရာတွင် သက်တောင့်သက်သာ ရှိရုံသာမက ကျယ်ပြန့်သော ၆.၄” TFT LCD Infinity-O မျက်နှာပြင်၊ rear fingerprint scanner (ကျောဖက် လက်ဗွေရာ လုံခြုံရေး စနစ်) နှင့် face recognition စနစ်များလည်း ပါရှိသည့်အတွက် သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် စမတ်ဖုန်း အသုံးပြုမှု အတွေ့အကြုံများအား သင့်တင့်မျှတသော စျေးနှုန်းဖြင့် ရရှိခံစားသွားစေနိုင်မည် ဖြစ်သည်။

Galaxy A11 ဖုန်းတွင် ကျောဖက် ကင်မရာ ၃ လုံး (13 MP, f/1.8 main camera + 5 MP, f/2.2 Ultra-Wide camera + 2 MP f/2.4 Depth camera) ထည့်သွင်းပေးထားသည့် အတွက် ကြည်လင်ပြတ်သားမှု အရှိဆုံး အရည်အသွေးမြင့် ပုံရိပ်များအား ရိုက်ကူးပေးသွားနိုင်မည် ဖြစ်သည်။ ထို့အပြင် smart selfie expression လုပ်ဆောင်ချက် ပါဝင်သည့် 8 MP, f/2.0 ရှေ့ကင်မရာသည်လည်း သုံးစွဲသူများ စိတ်ကြိုက်ဖြစ်စေမည့် ကြည်လင်ပြတ်သားမှု အရှိဆုံး selfie ပုံရိပ်များအား မည်သည့်အချိန်၊ မည်သည့် နေရာတွင် မဆို ရိုက်ကူးပေးနိုင်စွမ်း ရှိမည် ဖြစ်သည်။

Galaxy A11 စမတ်ဖုန်းတွင် 1.8 GHz Octa-Core processor၊ 2GB RAM၊ 32GB ROM တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသည့် အပြင် 15W fast charging စနစ် ထောက်ပံ့ပေးထားသော 4,000 mAh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားသည့် အတွက် သုံးစွဲသူများ အနေနှင့် အရည်အသွေးမြင့် လုပ်ဆောင်ချက်များနှင့် စွမ်းဆောင်ရည်များ အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။

ဤ နောက်ဆုံးပေါ် Galaxy A31 နှင့် A11 စမတ်ဖုန်းများအား ဇွန်လဆန်းမှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိသွား နိုင်မည် ဖြစ်သည်။

Galaxy A31 စမတ်ဖုန်းအား အရောင်အားဖြင့် Prism Crush Black, Prism Crush White နှင့် Prism Crush Blue ဟူ၍ တောက်ပဆန်းသစ်သော အရောင် ၃ မျိုးဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်ပြီး မြန်မာငွေကျပ် ၃၉၉,၀၀၀ ကျပ် ဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။

Galaxy A11 စမတ်ဖုန်းအား စတိုင်ကျနလှပသော အပြာရောင်၊ အနက်ရောင်၊ အဖြူရောင်တို့ဖြင့် ရရှိနိုင်မည် ဖြစ်ပြီး အသက်သာဆုံးနှုန်းထား မြန်မာငွေကျပ် ၁၉၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။

A31 နှင့် A11 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအတွက် အထူးအခွင့်အရေးများ

Galaxy A31 နှင့် A11 စမတ်ဖုန်းများအား ဝယ်ယူအားပေးသူများအနေနှင့် No Worry Crack ဝန်ဆောင်မှုအပြင် ထပ်ဆောင်း အင်တာနက်အစီအစဉ်များနှင့် ဖုန်းခေါ်ဆိုခွင့်မိနစ်များကိုလည်း အပိုလက်ဆောင်အဖြစ် ခံစားရရှိသွားနိုင်မည် ဖြစ်သည်။ Galaxy A31 စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် 10 GB Mytel အင်တာနက် အစီအစဉ် နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၁၀၀ အခမဲ့ ဖုန်းခေါ်နိုင်မည့် အစီအစဉ်များ (တစ်ကြိမ်သာခံစားခွင့် ရှိမည် ဖြစ်ပြီး ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည်) အား ရရှိ သွားမည် ဖြစ်သည်။ No Worry Crack ဝန်ဆောင်မှုတွင်မူ Galaxy A31 အသုံးပြုသူများအနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၆ လ အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၅၀% အထိ သက်သာခွင့် တစ်ကြိမ်အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ (ကုန်ဆုံးရက် – ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ)

အလားတူပင် Galaxy A11 စမတ်ဖုန်းများအား ဝယ်ယူသူများအနေနှင့် 4 GB Mytel အင်တာနက် အစီအစဉ် နှင့် Mytel နံပါတ်အချင်းချင်း မိနစ် ၄၀၀ အခမဲ့ ဖုန်းခေါ်နိုင်မည့် အစီအစဉ်များအား ရရှိသွားမည် ဖြစ်ပြီး အဆိုပါ ခံစားခွင့်များအား တစ်ကြိမ်သာ ခံစားခွင့် ရှိမည် ဖြစ်ကာ ရက် ၆၀ အတွင်း အသုံးပြုသွားနိုင်မည် ဖြစ်သည်။ No Worry Crack ဝန်ဆောင်မှုတွင်မူ Galaxy A11 အသုံးပြုသူများအနေနှင့် ဝယ်ယူပြီးသည့်နေ့မှ ၃ လ အတွင်း မတော်တဆ ဖြစ်ရပ်များကြောင့် ဖုန်းမျက်နှာပြင် အရှေ့ ထိခိုက်ပျက်စီးခြင်းအတွက် ပြန်လည်ပြုပြင်ရာတွင် ပစ္စည်းဖိုးနှင့် လက်ခ ၄၀% အထိ သက်သာခွင့် တစ်ကြိမ်အား ရရှိခံစားသွားနိုင်မည် ဖြစ်သည်။ (ကုန်ဆုံးရက် – ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ)

Source – SAMSUNG