ကြိုတင်သတင်းတွေထွက်ထားတဲ့အတိုင်း Samsung ဟာ ကုမ္ပဏီရဲ့ ဈေးအသက်သာဆုံး 5G ဖုန်းအဖြစ် Galaxy A32 5G ကို တရားဝင် ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီဟန်းဆက်ကို ဥရောပမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကစပြီး ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

Samsung Galaxy A32 5G ရဲ့ 64GB ဗားရှင်းဟာ €280 (၄ သိန်းခွဲဝန်းကျင်) ပဲ ကျသင့်မှာ ဖြစ်ပါတယ်။ 128GB storage လိုချင်ရင်တော့ နောက်ထပ် €20 (၃ သောင်းစွန်းစွန်း) ထပ်ပေးရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Galaxy A32 5G ရဲ့ Specs တွေကို ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဘယ် Chipset အမျိုးအစားကိုသုံးထားသလဲဆိုတာတော့ အသိမပေးဘဲ ဖုံးကွယ်ထားပါသေးတယ်။

Samsung ကတော့ Octa-core 2.0GHz processor (2+6 configuration) ဖြစ်ပြီး၊ RAM ကို 4/6/8GB အသီးသီး ရရှိမယ်လို့ ပြောထားပါတယ်။ တရားဝင်မဟုတ်သေးတဲ့ ပေါက်ကြားမှုတွေမှာတော့ Galaxy A32 5G မှာ Dimensity 720 Chipset အသုံးပြုထားတယ်လို့ ဖော်ပြကြပါတယ်။ ဒါ့အပြင် သိုလှောင်မှုပမာဏကိုချဲ့ထွင်ဖို့ MicroSD Slot လည်း ထောက်ပံ့ပေးထားပါသေးတယ်။

ဘက်ထရီကတော့ 5G ဟန်းဆက်တစ်ခုအတွက်သင့်တော်တဲ့ 5,000mAh ပမာဏကို တပ်ဆင်ပေးထားပါတယ်။ USB-C ကတစ်ဆင့် 15W အားသွင်းနှုန်းနဲ့ အားသွင်းနိုင်မှာဖြစ်ပြီး၊ ဘေးဘက်ဘောင်မှာ Fingerprint reader ကို တပ်ဆင်ပေးထားပါတယ်။ မျက်နှာပြင်အရွယ်အစားက 6.5-inch ဖြစ်ပြီး TFT LCD panel ဟာ 720p+ resolution ဖြစ်ပါတယ်။ မျက်နှာပြင်ပေါ်မှာ “Infinity-V” notch နဲ့အတူ 13MP selfie ကင်မရာကိုလည်း တပ်ဆင်ထားပါတယ်။

ကျောဘက်မှာတော့ သီးခြားစီလွတ်လွတ်လပ်လပ်တည်ရှိနေတဲ့ ကင်မရာလေးလုံးကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဓိကကင်မရာက 48MP, f/1.8 ဖြစ်ပြီး 8MP (ultrawide), 5MP (macro) နဲ့ 2MP (depth sensor) တို့ပဲ ဖြစ်ကြပါတယ်။ အရောင်တွေကတော့ Awesome Black, Awesome White, Awesome Blue နဲ့ Awesome Violet တို့ပဲ ဖြစ်ပါတယ်။

Ref: GSM Arena