Samsung ဟာ အခုအချိန်မှာ Galaxy A Series ဖုန်းတွေကို 5G အနေနဲ့ ဆက်တိုက်ကို ထုတ်ပေးနေပြီဖြစ်ပါတယ်။ အခုလည်း Mid Range Galaxy A33 5G ဖုန်းကို မကြာခင်မိတ်ဆက်တော့မှာဖြစ်ပြီး OnLeaks ကနေ Render ဓါတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Samsung Galaxy A33 5G ဖုန်းဟာ Design ပိုင်းမှာ Galaxy A32 4G ဖုန်းနဲ့ဆင်တူနေတာကို တွေ့ရပါတယ်။ Display အနေနဲ့ Infinity-U Selfie Camera Design ကို အသုံးပြုထားတဲ့ Super AMOLED Display ကို အသုံးပြုထားပြီး နောက်ဖက်မှာတော့ Quad Camera Setup ပါဝင်မှာဖြစ်ပါတယ်။

Specification ပိုင်းမှာ Galaxy A33 5G ဖုန်းဟာ 6.4″ Full HD+ Resolution ရှိတဲ့ Display ပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းမှာတော့ အတိအကျမသိရှိရသေးပေမယ့် Samsung က ပိုပြီး အရည်အသွေးမြင့်မားပြီး Resolution ပိုကောင်းတဲ့ Camera Sensor တွေကို အသုံးပြုလာမယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။

Samsung Galaxy A33 ဟာ USB-C Charging ကိုပဲ အသုံးပြုထားပေမယ့် ယခင် Galaxy A32 4G နဲ့ 5G ဖုန်းတွေမှာ တွေ့ရှိခဲ့ရတဲ့ 3.5mm Headphone Jack ကိုတော့ ထည့်သွင်းထားမှာမဟုတ်တော့ဘဲ ဖြုတ်ချလိုက်ပြီဖြစ်ပါတယ်။

Samsung Galaxy A33 5G ဖုန်းဟာ လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်သွားမှာဖြစ်ပြီး 4G Version ကိုတော့ မိတ်ဆက်မှာမဟုတ်တော့ဘူးလို့ ယူဆရပါတယ်။

Ref – GSM Arena