Samsung Galaxy A51 ရဲ့ 5G Version ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဖုန်း ဒီဇိုင်းဟာ Galaxy A51 နဲ့ တူပေမယ့် 5G မော်ဒယ်ရဲ့ အနောက်ဘက်က Pattern ဟာ A91 5G နဲ့ တူပါတယ်။ Evleaks က အခု ဓါတ်ပုံတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။

မကြာခင်ကလည်း တောင်ကိုရီးယားက Support Page မှာ SM-A516N ထွက်လာခဲ့ပြီး Geekbench မှာလည်း တွေ့လာရပါတယ်။ အဲဒီဖုန်းမှာ Exynos 980 Chipset မောင်းနှင်ထားမယ်လို့ သိရပါတယ်။ Galaxy A51 မှာတော့ Exynos 9611 Chipset ထည့်သွင်းထားတာ ဖြစ်ပါတယ်။

5G ဆက်သွယ်မှုအတွက် အန်တင်နာဟာ ပိုကြီးပြီး ရှုပ်ထွေးတဲ့အတွက် 5G မော်ဒယ်ဟာ ရိုးရိုးမော်ဒယ်နဲ့ အတွင်းပိုင်း တည်ဆောက်မှုတွေ ကွာခြားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘက်ထရီ ပမာဏလို အစိတ်အပိုင်းတွေကို လျှော့ချထားမယ်လို့ မထင်ပါဘူး။

ဓါတ်ပုံတွေ ကြည့်ရတာတော့ ကင်မရာ တပ်ဆင်ထားပုံဟာ တူညီမယ်လို့ ထင်ပြီး 48MP Main ကင်မရာ ပါတဲ့ L ပုံစံ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပါတယ်။ Galaxy A51 5G ဟာ ဒီဇိုင်းပိုင်းမှာ ရိုးရိုးမော်ဒယ်နဲ့ တူတဲ့အတွက် နောက်ထွက်မယ့် Galaxy A71 5G ဟာလည်း ရိုးရိုး မော်ဒယ်နဲ့ တူနိုင်ပါတယ်။

Ref : gsmarena