Samsung Galaxy A52 5G အ ကြောင်းက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြောနေခဲ့ကြတာပါ။ Snapdragon 750G နဲ့ Geekbench မှာတွေ့ခဲ့ရပြီးတဲ့ ဒီဟန်းဆက်ဟာ နှစ်ကူးပြီးသွားတဲ့နောက်မှာတော့ ဈေးကွက်ထဲကိုဖြန့်ချိဖို့ ပိုပြီးနီးကပ်လာပြီပဲ ဖြစ်ပါတယ်။

အခုလည်း မော်ဒယ်နံပါတ် SM-A5260 နဲ့ Galaxy A52 5G ကို တရုတ် 3C မှာ 15W charging နဲ့အတူ Certification ရတာကို တွေ့မြင်ရပြီဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်ဟာ Charging နဲ့ပတ်သက်တဲ့အချက်အလက်ကလွဲပြီး တခြားအချက်အလက်ကို ဖော်ပြထားခြင်းမရှိတာကိုလည်း တွေ့ရပါတယ်။

ဒါပေမယ့် Geekbench ဖော်ပြချက်အရ ကုဒ်နံပါတ် SM-A526b နဲ့ Galaxy A52 5G ဟာ Snapdragon 750G chipset နဲ့ 6GB of RAM ကို တွဲဖက်ထားပြီး Android 11 မောင်းနှင်ထားတာကို တွေ့မြင်ရပါတယ်။ အခြားတစ်ဖက်မှာတော့ 4G မူကွဲ (SM-A525F) ဟာ Snapdragon 720G နဲ့ 8GB of RAM ကို တွဲဖက်ထားတာ ဖြစ်ပါတယ်။

Renders တွေအရ Galaxy A52 5G ဟာ 6.5-inch “Punch-hole display” နဲ့ဖြစ်ပြီး ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားတာကို တွေ့မြင်နိုင်ပါတယ်။ In-screen fingerprint reader လည်း ပါဝင်ပြီး 3.5mm headphone jack လည်း ထောက်ပံ့ထားတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena