Samsung ဟာ Galaxy A54 5G အမည်ရ စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ အဓိက Specs တွေ ပေါက်ကြားလာပါတယ်။ ထောင့်စွန်းတွေ ကွေးညွှတ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး ဘေးဘောင်တွေ ပါးလွှာပါတယ်။ မျက်နှာပြင် အထက် အလယ်မှာ ကင်မရာအတွက် Punch Hole ၁ ခု တပ်ဆင်ထားပါတယ်။

အနောက်ဘက် ဘယ်ဘက်ခြမ်းမှာ ကင်မရာ ၄ လုံးနဲ့ Flash ၁ လုံးကို လေးထောင့်အကွက်ထဲမှာ ထည့်သွင်းထားပြီး ပေါက်ကြားသတင်းအရ ၆.၅ လက်မ Super AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပါတယ်။ Full HD+ Resolution ထောက်ပံ့ထားပြီး 120Hz Refresh Rate ထည့်သွင်းထားမှာပါ။

Samsung Galaxy A54 5G Price, Specifications, Release Date - 2022

ကင်မရာအကြောင်း ပြောရရင် 64MP Main , 12MP Ultrawide ,5MP Depth နဲ့ 5MP Macro တွေကို အနောက်ဘက်နဲ့ 32MP ကို အရှေ့ဘက်မှာ တပ်ဆင်ထားမှာပါ။ 6GB RAM + 128GB Storage နဲ့ 8GB RAM + 256GB Storage ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး microSD Card စိုက်နိုင်မှာပါ။

ဆော့ဖ်ဝဲ အကြောင်း ပြောရရင် Galaxy A54 5G မှာ နောက်ဆုံးထုတ် Android 12 OS အခြေပြု Samsung One UI Custom Interface အုပ်ထားမှာ ဖြစ်ပြီး Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာမှာပါ။

Ref : gizmochina