သတင်းများစွာ ပေါက်ကြားပြီးနောက်မှာ Samsung က စွမ်းရည်သင့် Galaxy A34 နဲ့ Galaxy A54 ကို ကြေညာလိုက်ပါတယ်။

Galaxy A54 က ပိုမို သေးငယ်တဲ့ ဖုန်း ဖြစ်ပြီး 6.4 Inch 1080p Super AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 120Hz Refresh Rate နဲ့ Vision Booster ထောက်ပံ့ထားပါတယ်။

Galaxy A34 မှာ 6.6 Inch Super AMOLED မျက်နှာပြင် ပါလာပြီး 1080p Resolution ရှိပါတယ်။ 120Hz Refresh Rate နဲ့ Vision Booster ထောက်ပံ့ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ IP67 ရေစိုခံစံနှုန်း ပါလာပြီး 25W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Galaxy A54 မှာ 50MP Main , 12P Ultrawide , 5MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 32MP ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။

Galaxy A34 မှာ 48MP Main, 8MP Ultrawide , 5MP Macro ကင်မရာ ၃ လုံးကို အနောက်ဘက်နဲ့ 13MP ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။

Galaxy A54 မှာ 5nm Exynos 1380 Chipset နဲ့ Galaxy A34 မှာ 6nm MediaTek Dimensity 1080 မောင်းနှင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 6GB or 8GB RAM နဲ့ 128GB or 256GB Storage ထည့်သွင်းထားပါတယ်။

Galaxy A34 အတွက် Lime, Graphite, Violet နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၃၉၀ ယူရိုနဲ့ 8/256GB ကို ၄၆၀ ယူရို သတ်မှတ်ထားပါတယ်။

Galaxy A54 အတွက် Lime , Graphite, Violet နဲ့ White အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၄၉၀ ယူရိုနဲ့ 8/256GB ကို ၅၄၀ ယူရို သတ်မှတ်ထားပါတယ်။ အဲဒီ ဖုန်း ၂ လုံးစလုံးကို ဥရောပနဲ့ အာရှမှာ ဒီလထဲ ရောင်းချမှာပါ။

Ref : gsmarena