Samsung က နောက်နှစ်မှာ Galaxy A72 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ သူ့အတွက် 4G နဲ့ 5G Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-A725F နဲ့ SM-A726B တို့ ဖြစ်ပါတယ်။ Samsung က A72 နဲ့ ပတ်သက်ပြီး ဘာမှမပြောသေးပါဘူး။ ဒါပေမယ့် 4G Version ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး အဓိက Specs တွေ ပေါက်ကြားလာပါတယ်။

Samsung Galaxy A72 4G appears on Geekbench

Galaxy A72 4G မှာ Android 11 မောင်းနှင်ထားပြီး 8GB RAM ပါလာမှာ ဖြစ်ပါတယ်။ Snapdragon 720G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အဲဒီ Chipset ကို Galaxy A52 4G မှာလည်း ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Leaked render of Galaxy A72 5G

Geekbench မှာတော့ Galaxy A72 4G ရဲ့ တခြား Specs တွေကို မဖော်ပြထားသေးပါဘူး။ ဒါပေမယ့် အရင်က ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ 5G Version မှာ ၆.၇ လက်မ Punch Hole မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး 4G Version မှာလည်း အဲဒီလို ပါလာနိုင်ပါတယ်။

Galaxy A72 5G ကို ယူရို ၅၅၀ နဲ့ ၆၀၀ အကြားနဲ့ 4G Version ကို ယူရို ၄၅၀ နဲ့ ၅၀၀ အကြား ရောင်းချနိုင်ပြီး အနက်၊ အပြာ ၊ အဖြူနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gsmarena