ပြီးခဲ့တဲ့ တစ်ပတ်က ကြေညာခဲ့တဲ့ Samsung Galaxy S24 Series မှာ Galaxy AI ပါလာပြီး Samsung ရဲ့ Generative AI ဝန်ဆောင်မှုကို Google Cloud ကနေ မောင်းနှင်ထားတာ ဖြစ်ပါတယ်။ Samsung က ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ဖုန်း အဟောင်းတွေအတွက် Galaxy AI ကို ထည့်သွင်းပေးမယ်လို့ အတည်ပြုထားပါတယ်။

Samsung Galaxy AI to be available across 100 million Galaxy devices this year

အခုတော့ Samsung Electronics မှ MX Business ရဲ့ ဥက္ကဌဖြစ်သူ TM Roh က Samsung ဟာ ဒီနှစ်ထဲမှာ ကမ္ဘာအဝန်းမှ Galaxy Mobile Device ပေါင်း သန်း ၁၀၀ ဝန်းကျင်မှာ Galaxy AI ထည့်သွင်းပေးမယ်လို့ ပြောပါတယ်။

သူက Galaxy AI ကို ဖန်တီးရာမှာ ကုန်ကျစားရိတ်တွေ ရှိပေမယ့် ၂၀၂၅ ခုနှစ်အထိ အခမဲ့ အသုံးပြုခွင့်ပေးထားမယ်လို့ ET Telecom ကို ပြောပါတယ်။ အဲဒီ နောက်ပိုင်းမှာတော့ Galaxy AI ကို အခကြေးငွေနဲ့ အသုံးပြုခွင့်ပေးမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

Baidu's Ernie AI chatbot to power Samsung's new Galaxy S24 smartphones

Roh က “ သုတေသနစစ်တမ်းအရ Mobile AI ကို လိုအပ်နေတဲ့ ကိစ္စများစွာ ရှိပါတယ်။ AI စွမ်းရည်ကို အခမဲ့ အသုံးပြုရတာကို ကျေနပ်တဲ့ သုံးစွဲသူများစွာ ရှိပါတယ်။ ပိုမိုစွမ်းရည်မြင့်တဲ့ AI စွမ်းရည်ကို အခကြေးငွေပေးပြီး သုံးချင်သူတွေလည်း ရှိပါတယ်။ အဲဒီအတွက် ဒါတွေကို ထည့်သွင်းစဉ်းစားကာ အနာဂတ်မှာ ဆုံးဖြတ်ရမှာပါ။ “ လို့ ပြောပါတယ်။

Ref : gsmarena