[Zawgyi]
Ref : gizmochina
[Unicode]
Samsung က Galaxy Series တွေ အိန္ဒိယမှာ Android 10 ရမယ့် အချိန်စာရင်းကို ကြေညာ
Samsung India က လာမယ့်လအနည်းငယ်အတွင်းမှာ သူ့ရဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးကြီး Device တွေအတွက် Android 10 ကို ဖြန့်ချိပေးတော့မှာပါ။ တန်ဖိုးနည်း Device တွေထဲမှာ Galaxy A , M Series တွေနဲ့ တန်ဖိုးကြီး Device တွေထဲမှာ Galaxy S နဲ့ Galaxy Note Series ပါပြီး Stable Android 10 အခြေပြု One UI 2.0 Skin ကို ရကြမှာပါ။
Samsung Galaxy S9, Galaxy S9+, Galaxy Note 9, Galaxy S10, Galaxy S10+, Galaxy S10e, Galaxy Note 10 နဲ့ Galaxy Note 10+ တို့က Galaxy M20, Galaxy M30 , Galaxy A30 တို့နဲ့ အတူ ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ Android 10 ရကြမှာပါ။ မတ်လမှာတော့ Galaxy M40 အလှည့်ရောက်မှာပါ။
၂၀၂၀ ခုနှစ် ဧပြီလမှာ Samsung Galaxy A6, Galaxy A6+, Galaxy A7, Galaxy A9, Galaxy A50, Galaxy A50s, Galaxy A70, Galaxy A70s, Galaxy A80, Galaxy M30s, Galaxy Tab S6 နဲ့ Galaxy Fold တို့ ရကြမှာပါ။ Galaxy A8 Star, Galaxy A10, Galaxy A10s, Galaxy A20, Galaxy A30s နဲ့ Galaxy M10s တို့အတွက် ဇွန်လမှာ ဖြန့်ချိပေးမှာပါ။ လာမယ့်နှစ် ဧပြီလနဲ့ ဇွန်လကြားမှာ Galaxy On6, Galaxy J6 နဲ့ Galaxy A20s တို့ ရကြမှာပါ။
လာမယ့်နှစ် ဇူလိုင်လနဲ့ စက်တင်ဘာလကြားမှာ Galaxy J6+, Galaxy J7 Duo, Galaxy On8, Galaxy J8, Galaxy Tab S4 နဲ့ Galaxy Tab S5e တို့အတွက် ဖြန့်ချိပေးမှာပါ။ Galaxy Tab A 8 နဲ့ Galaxy Tab S5e တို့က သြဂုတ်လမှာ ရမှာဖြစ်ပြီး စက်တင်ဘာလမှာ Galaxy Tab A 10.5 (2018) နဲ့ Galaxy Tab A 10.1 တို့ အလှည့်ကျရောက်မှာပါ။
Samsung က ဒီအချိန်စာရင်းဟာ အနာဂတ်မှာ အနည်းငယ် အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြောပါတယ်။ Samsung က အစ္စရေးနဲ့ တရုတ်မှာလည်း Android 10 ရမယ့် အချိန်စာရင်းကို ကြေညာထားပါတယ်။
Ref : gizmochina