Samsung က Galaxy F04 ကို ကြေညာလိုက်ပြီး Jade Purple နဲ့ Opal Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ MediaTek Helio P35 12nm Chipset မောင်းနှင်ထားပြီး 4GB RAM ပါလာပါတယ်။

Samsung Galaxy F04 announced, sales start on January 12

64GB Base Storage ထည့်သွင်းထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ Android 12 အခြေပြု OneUI မောင်းနှင်ထားပါတယ်။

Samsung Galaxy F04Samsung Galaxy F04Samsung Galaxy F04

၆.၅ လက်မ 1600x720p PLS LCD မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးကို အနောက်ဘက်နဲ့ 5MP ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာ မပါလာပါဘူး။ 15W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။

Samsung Galaxy F04 ကို အိန္ဒိယက Flipkart မှာ ၉,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena