Samsung India က ပြီးခဲ့တဲ့ ရက်အနည်းငယ်က Galaxy M05 ကို ကြေညာခဲ့ပြီး Galaxy A05 ကို အမည်ပြောင်းထားတာ ဖြစ်ပါတယ်။ အခုတော့ Galaxy F05 ကို ကြေညာလိုက်ပြီး အပြင်ဘက် ဒီဇိုင်းက ကွဲပြားပေမယ့်အတွင်းဘက် အစိတ်အပိုင်းတွေက တူညီကြပါတယ်။

Samsung Galaxy F05 announced, a variant of the M05 and A05 - GSMArena.com  news

အနောက်ဘက်ကို သားရေ ဒီဇိုင်း ဖန်တီးထားပြီး Twilight Blue ၁ ရောင်ထဲ လက်ရှိမှာ ထုတ်လုပ်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး၊ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

Samsung Galaxy F05 announced for India, a variant of the M05 and A05

6.7” LCD HD+ Display တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Android 14 OS မောင်းနှင်ထားပြီး OS Upgrade ၂ ကြိမ်ရမှာပါ။

Helio G85 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါသလို microSD Card စိုက်နိုင်ပါတယ်။ 25W Charging  ထောက်ပံ့တဲ့ 5,000mAh Battery ထည့်သွင်းထားပြီး ဘူးထဲမှာ Charger မပါလာပါဘူး။

Samsung Galaxy F05 ကို စက်တင်ဘာလ ၂၀ ရက်နေ့ အိန္ဒိယမှာ ရောင်းချမှာ ဖြစ်ပါတယ်။ ၁၀,၀၀၀ ရူပီး သတ်မှတ်ထားပြီး အစောပိုင်းမှာ ၈,၀၀၀ ရူပီးနဲ့ ရောင်းချမှာပါ။

Ref : gsmarena