Samsung က စွမ်းရည်သင့် Galaxy F42 5G ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းရဲ့ သတင်းတွေ မကြာခဏပေါက်ကြားထွက်ပေါ်နေတာ ကြာပါပြီ။ ဒီလ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် Google Play Console မှာ တွေ့လာရပါတယ်။

Samsung Galaxy F42 5G appears on Google Play Console ahead of September 29 launch

Google Play Console က စာရင်းအရ Galaxy F42 ဟာ Galaxy Wide5 ကို နာမည်ပြောင်းထားတာပါ။ Specs အားလုံးက Galaxy Wide5 နဲ့ တူညီနေပါတယ်။ Galaxy F42 5G မှာ အရွယ်သေး Notch နဲ့ Full HD+ Resolution ပါလာမှာပါ။

MediaTek Dimensity 700 SoC မောင်းနှင်ထားမှာ ဖြစ်ပြီး 8GB RAM ထည့်သွင်းထားမှာပါ။ 8GB RAM ဟာ အမြင့်ဆုံး မော်ဒယ် ဖြစ်နိုင်ပြီး 6GB RAM မော်ဒယ်လည်း ထုတ်လုပ်ထားနိုင်ပါတယ်။ Software အပိုင်းကို ပြောရရင် Android 11 မောင်းနှင်ထားမှာပါ။

Samsung Galaxy F42 5G main specifications revealed

အရင် မှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက်တွေအရ Galaxy F42 မှာ 90Hz Refresh Rate နဲ့ ၆.၆ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။ အနောက်ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 64MP Main , 5MP Ultrawide နဲ့ 2MP Depth တို့ ဖြစ်ပါတယ်။ 5,000mAh ဘက်ထရီ ထည့်သွင်းထားမှာ ဖြစ်ပြီး Fast Charging တစ်ခုခု ထောက်ပံ့ထားမှာပါ။

Galaxy F42 5G ကို ဒီလ ၂၉ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး ဈေးနှုန်းက အရင်မျိုးဆက်လောက်ပဲ ရှိနိုင်ပါတယ်။ Galaxy F41 ကို ၁၉၆ ဒေါ်လာနဲ့ ရောင်းပေးခဲ့ပြီး လက်ရှိပေါက်ဈေးအရ မြန်မာငွေ ၃ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

Ref : gizmochina