Samsung Myanmar သည် ၎င်း၏ မျိုးဆက်သစ် M Series စမတ်ဖုန်း Galaxy M12 အား မြန်မာနိုင်ငံဈေးကွက်တွင် စတင်မိတ်ဆက်ခဲ့သည်။ စွမ်းဆောင်ရည်မြင့် ကျောဖက်ကင်မရာ ၄ လုံး၊ စွဲမက်ဖွယ် Infinity-V မျက်နှာပြင်နှင့် မြန်ဆန်လှသော fast charging အမြန်အားသွင်းစနစ် ပါဝင်သည့် 5,000 mAh ဘက်ထရီများဖြင့် တည်ဆောက်ထားသော Samsung ၏ နောက်ဆုံးပေါ် ဈေးနှုန်းသင့် Galaxy M12 စမတ်ဖုန်းသည် သုံးစွဲသူများ၏ နေ့စဉ်လူနေမှုဘဝ လုပ်ငန်းဆောင်တာများအား အကောင်းမွန်ဆုံး ထောက်ပံ့လုပ်ဆောင်ပေးသွားနိုင်မည် ဖြစ်သည်။

“Galaxy M12 စမတ်ဖုန်းဟာ သုံးစွဲသူတွေ အလုပ်လုပ်တဲ့နေရာမှာဖြစ်စေ၊ အနားယူအပန်းဖြေတဲ့အခါမှာ ဖြစ်စေ အကောင်းမွန်ဆုံး အဖော်ပြုပေးနိုင်ဖို့ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတဲ့ စမတ်ဖုန်း တစ်လုံးပဲ ဖြစ်ပါတယ်။ ဒီလို နောက်ဆုံးပေါ် စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီ Galaxy M12 စမတ်ဖုန်းဟာ သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝ စွမ်းဆောင်ရည်တွေကို အကောင်းမွန်ဆုံး မြှင့်တင်ပေးနိုင်တဲ့ အသင့်တော်ဆုံး ဈေးနှုန်းသင့် စမတ်ဖုန်းတစ်လုံး ဖြစ်တယ်ဆိုတာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောကြားခဲ့သည်။

Galaxy M12 စမတ်ဖုန်းတွင် 90 Hz refresh rate ပါရှိသော ၆.၅ လက်မ HD+ Infinity-V display ၊ 20: 9 aspect ratio နှင့် အမိုက်စား 3D ရုပ်ထွက်၊ ပြီးပြည့်စုံသော အသံအတွေ့အကြုံများ ပေးစွမ်းနိုင်မည့် Dolby Atmos တို့ပါ၀င်သောကြောင့် သုံးစွဲသူများအနေနှင့် ဂိမ်းဆော့သည့် အခါတွင်ဖြစ်စေ၊ ရုပ်ရှင်ကြည့်သည့်အခါတွင်ဖြစ်စေ ရုပ်ရှင်ရုံတွင် ကြည့်ရှုနေရသကဲ့သို့ ခံစားမှု အတွေ့အကြုံအား ပေးစွမ်းနိုင်မည် ဖြစ်သည်။

ထို့အပြင် Galaxy M12 စမတ်ဖုန်းအား 15W အမြန်အားသွင်းစနစ်နှင့် 5,000 mAh ဘက်ထရီတို့ဖြင့် တည်ဆောက်ထားသောကြောင့် ဂိမ်းကစားသည်ဖြစ်စေ၊ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်သည်ဖြစ်စေ တစ်စုံတစ်ရာ ပူပန်စရာလိုပဲ နေ့ရက်တိုင်းအား ဖြတ်သန်းနိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်း၏ စွမ်းဆောင်ရည်မြင့် ကျောဘက်ကင်မရာလေးလုံး (123 ‘angle view 5MP Ultra-Wide၊ 2MP Macro၊ 2MP Depth နှင့် 48MP main) နှင့် 8MP Selfie ကင်မရာများဖြင့် သင်၏အမှတ်တရ အခိုက်အတန့်တိုင်းအား အရည်အသွေးမြင့် ဗီဒီယိုများနှင့်ဓာတ်ပုံများအဖြစ် အချိန်မရွေး မှတ်တမ်းတင် သိမ်းဆည်းထားနိုင်ပြီ ဖြစ်သည်။

ပြေပြစ်တောက်ပကာ တမူထူးခြားသော ခံစားမှုအား ရရှိစေရန်အတွက် Galaxy M12 စမတ်ဖုန်းအား ကျောဘက်တွင် haze နှင့် matte ပုံစံများအားပေါင်းစပ်ကာ micro-pattern texture နှင့် metallic ဒီဇိုင်းဖြင့် တည်ဆောက်ထားပြီး အရောင်အားဖြင့် အနက်ရောင်၊ အပြာနုရောင် နှင့် အစိမ်းရောင် အရောင် ၃ မျိုး ရွေးချယ်ဝယ်ယူသွားနိုင်မည် ဖြစ်သည်။

4GB RAM / 64GB ROM နှင့် Galaxy M12 စမတ်ဖုန်းအသစ်များအား မြန်မာငွေ ၂၉၅,၀၀၀ကျပ်ဖြင့် Samsung အရောင်းဆိုင်များနှင့် အမြို့မြို့အနယ်နယ်ရှိ စမတ်ဖုန်းအရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်မည့်အပြင် Samsung Myanmar ၏ တရားဝင်ဝက်ဘ်ဆိုက် (https://www.samsung.com/mm/) မှတဆင့်လည်း အိမ်တိုင်ရာရောက် လွယ်ကူ လျင်မြန်စွာ မှာယူရရှိနိုင်ပြီ ဖြစ်သည်။

Source – Samsung