Samsung ဟာ Beta Version ကို ဖြန့်ချိပြီး ၁ လလောက်အကြာမှာ OneUI 4.1 Update ကို Galaxy M31 အတွက် ထုတ်ပေးလိုက်ပါတယ်။

Samsung Galaxy M31 is now receiving Android 12 with OneUI 4.1

Update မှာ Android 12 အခြေပြု နောက်ဆုံးထုတ် OneUI နဲ့ March 2022 Security Patch ပါလာပါတယ်။ Firmware က M315FXXU2CVCE ဖြစ်ပြီး Over-the-air ကနေ ဖြန့်ချိပေးလိုက်တာ ဖြစ်ပါတယ်။ Update ရဲ့ အရွယ်အစားက 2GB ရှိပြီး သင်ဟာ Beta Tester ဆိုရင်တော့ OTA ဟာ သိသိသာသာ သေးငယ်မှာ ဖြစ်ပါတယ်။

Samsung Galaxy M31 128GB + 6GB RAM Dual SIM - Sokonic

Samsung ဟာ အိန္ဒိယမှာ အဲဒီ Update ကို စတင် ဖြန့်ချိပေးနေပြီလို့ သိရပြီး အဲဒီ နိုင်ငံက Galaxy M31 ပိုင်ရှင်တွေဟာ Update ရပြီလားဆိုတာကို သိချင်ရင် ဖုန်းရဲ့ Settings Menu ထဲက Software Update Section မှာ ကြည့်ရှုနိုင်ပါတယ်။

OneUI 4.1 နဲ့ Android 12 မှာ Color Palette တလျှောက် Visual ပြောင်းလဲမှုတွေ ပါလာပြီး ထည့်သွင်းချင်တဲ့ Virtual RAM ပမာဏကို ရွေးချယ်နိုင်တဲ့ RAM Plus Expansion လုပ်ဆောင်ချက် အသစ် ထည့်ထားပါတယ်။ ကင်မရာအပိုင်း တိုးတက်ကောင်းမွန်လာသလို Smart Widgets တွေ ထည့်သွင်းထားကာ တခြား လုပ်ဆောင်ချက်တွေလည်း ပါလာပါတယ်။

Ref : gsmarena