[Unicode]

Samsung Galaxy Note 10 Lite ကို အိန္ဒိယမှာ ကြေညာလိုက်ပြီး ဈေးချို စွမ်းရည်မြင့်တဲ့ OnePlus 7T နဲ့ Realme X2 Pro တို့ကို ယှဉ်ပြိုင်မှာပါ။ 6/128GB ကို ၃၈,၉၉၉ ရူပီး နဲ့ 8/128GB ကို ၄၀,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်းနဲ့ ၈ သိန်း ၄ သောင်းလောက်ကျသင့်မှာပါ။ Aura Black, Aura Glow နဲ့ Aura Red အရောင်တွေ ထုတ်လုပ်ထားပြီး Flipkart နဲ့ Samsung Online Store ကနေ ကြိုတင်မှာယူနိုင်ပါပြီ။ နောက်လ ၃ ရက်နေ့မှာ စတင် ရောင်းပေးမှာပါ။

Galaxy Note 10 Lite မှာ ၆.၇ လက်မ S-AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး Infinity-O Punch-hole မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ Full HD+ အရည်အသွေးရှိပြီး 20:9 Aspect Ratio ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

၁ ခုထဲသော အားနည်းချက်က စွမ်းရည်မြင့် Chipset မပါတာဖြစ်ပြီး Galaxy Note 10 Lite နဲ့ ဈေးတူတဲ့ ဖုန်းတွေမှာ အရင်နှစ်ထုတ် စွမ်းရည်မြင့် Snapdragon 855+ ထည့်ထားပါတယ်။ Galaxy Note 10 Lite မှာ Exynos 9810 ပဲပါလာပြီး ၂၀၁၈ ထုတ် Galaxy S9 Series နဲ့ Galaxy Note 9 Series တွေမှာ ထည့်ထားတဲ့ SoC ဖြစ်ပါတယ်။ ဒါပေမယ့် Galaxy Note 10 Lite ဟာ စွမ်းရည်နိမ့် ဖုန်း မဟုတ်ဘဲ သာမာန် သုံးရင် အရမ်း လန်းပါတယ်။ ဒါပေမယ့် စွမ်းအင်စားသုံးမှုများတဲ့ ဂိမ်းတွေ ကစားရင်တော့ SoC အသစ်တွေက ပိုမိုက်မှာပါ။

Galaxy Note 10 Lite မှာ Android 10 အခြေပြု One UI 2.0 မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ Superfast Charging ပါတဲ့ 4,500mAh ဘက်ထရီ ထည့်ထားပါတယ်။ Air Command တွေ သုံးနိုင်တဲ့ S Pen က တော်တော် မိုက်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးထည့်သွင်းထားပြီး Dual Pixel AF နဲ့ OIS ပါတဲ့ 12MP Main ၊ 12MP Ultrawide Angle နဲ့ 12MP Telephoto တွေ ဖြစ်ပါတယ်။ Galaxy Note 10 ဖုန်းတွေမှာ မပါတဲ့ 3.5mm Audio Jack ပါလာတာာက ထူးခြားပါတယ်။

Ref : gizmochina

[Zawgyi]

Samsung Galaxy Note 10 Lite ကို အိႏၵိယမွာ ေရာင္းၿပီ

Samsung Galaxy Note 10 Lite ကို အိႏၵိယမွာ ေၾကညာလိုက္ၿပီး ေဈးခ်ိဳ စြမ္းရည္ျမင့္တဲ့ OnePlus 7T နဲ႔ Realme X2 Pro တို႔ကို ယွဥ္ၿပိဳင္မွာပါ။ 6/128GB ကို ၃၈,၉၉၉ ႐ူပီး နဲ႔ 8/128GB ကို ၄၀,၉၉၉ ႐ူပီး သတ္မွတ္ထားၿပီး ျမန္မာေငြ ၈ သိန္းနဲ႔ ၈ သိန္း ၄ ေသာင္းေလာက္က်သင့္မွာပါ။ Aura Black, Aura Glow နဲ႔ Aura Red အေရာင္ေတြ ထုတ္လုပ္ထားၿပီး Flipkart နဲ႔ Samsung Online Store ကေန ႀကိဳတင္မွာယူႏိုင္ပါၿပီ။ ေနာက္လ ၃ ရက္ေန႔မွာ စတင္ ေရာင္းေပးမွာပါ။

Galaxy Note 10 Lite မွာ ၆.၇ လက္မ S-AMOLED မ်က္ႏွာျပင္ ထည့္သြင္းထားၿပီး Infinity-O Punch-hole မွာ 32MP ကင္မရာ တပ္ဆင္ထားပါတယ္။ Full HD+ အရည္အေသြးရွိၿပီး 20:9 Aspect Ratio ျဖစ္ပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ ကိရိယာ ျမႇပ္ႏွံထားပါတယ္။

၁ ခုထဲေသာ အားနည္းခ်က္က စြမ္းရည္ျမင့္ Chipset မပါတာျဖစ္ၿပီး Galaxy Note 10 Lite နဲ႔ ေဈးတူတဲ့ ဖုန္းေတြမွာ အရင္ႏွစ္ထုတ္ စြမ္းရည္ျမင့္ Snapdragon 855+ ထည့္ထားပါတယ္။ Galaxy Note 10 Lite မွာ Exynos 9810 ပဲပါလာၿပီး ၂၀၁၈ ထုတ္ Galaxy S9 Series နဲ႔ Galaxy Note 9 Series ေတြမွာ ထည့္ထားတဲ့ SoC ျဖစ္ပါတယ္။ ဒါေပမယ့္ Galaxy Note 10 Lite ဟာ စြမ္းရည္နိမ့္ ဖုန္း မဟုတ္ဘဲ သာမာန္ သုံးရင္ အရမ္း လန္းပါတယ္။ ဒါေပမယ့္ စြမ္းအင္စားသုံးမႈမ်ားတဲ့ ဂိမ္းေတြ ကစားရင္ေတာ့ SoC အသစ္ေတြက ပိုမိုက္မွာပါ။

Galaxy Note 10 Lite မွာ Android 10 အေျချပဳ One UI 2.0 ေမာင္းႏွင္ထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။ Superfast Charging ပါတဲ့ 4,500mAh ဘက္ထရီ ထည့္ထားပါတယ္။ Air Command ေတြ သုံးႏိုင္တဲ့ S Pen က ေတာ္ေတာ္ မိုက္ပါတယ္။ အေနာက္ဘက္မွာ ကင္မရာ ၃ လုံးထည့္သြင္းထားၿပီး Dual Pixel AF နဲ႔ OIS ပါတဲ့ 12MP Main ၊ 12MP Ultrawide Angle နဲ႔ 12MP Telephoto ေတြ ျဖစ္ပါတယ္။ Galaxy Note 10 ဖုန္းေတြမွာ မပါတဲ့ 3.5mm Audio Jack ပါလာတာာက ထူးျခားပါတယ္။

Ref : gizmochina