Samsung Germany က Samsung Galaxy Note20 နဲ့ Galaxy Tab S7 Series တွေရဲ့ Enterprise Editions တွေကို ကြေညာလိုက်ပါတယ်။ အဲဒီ Device တွေကို စီးပွားရေး လုပ်ငန်းတွေကို ရောင်းချမှာ ဖြစ်ပြီး Maintenance Update ကို ၄ နှစ်အထိ ထည့်သွင်းပေးမှာပါ။ ဒါဟာ Enterprise Program အတွက် Samsung ရဲ့ ဒုတိယမြောက် 5G Device တွေ ဖြစ်ပြီး ပထမဆုံး Enterprise Edition တက်ဘလက်တွေ ဖြစ်ပါတယ်။

Enterprise Edition Devices တွေမှာ Samsung Knox Suite Services ကို ၁ နှစ်ကြာ အခမဲ့ သုံးနိုင်မှာ ဖြစ်ပြီး အဲဒီ Services ဟာ Device လုံခြုံရေးအတွက် အထူးဖန်တီးထားတာပါ။ အဲဒီထဲမှာ Knox Mobile Enrollment, Knox Manage , Knox Platform နဲ့ Knox E-FOTA One တွေ ပါဝင်ပါတယ်။ S Pen ဟာ Tab S နဲ့ Note Devices တွေမှာ အလုပ်တွင်ကျယ်စေပါတယ်။

Galaxy Note20 5G Enterprise Edition ကို ယူရို ၁၀၅၉ နဲ့ Galaxy Tab S7 Enterprise Edition ကို ယူရို ၈၀၉ သတ်မှတ်ထားပြီး ၁၇ သိန်းနဲ့ ၁၃ သိန်းလောက် အသီးသီး ကျသင့်မှာပါ။ စက်တင်ဘာလ ဂျာမနီမှာ Authorized Device Retailer တွေနဲ့ Knox Deployment Partner Program Partner တွေကနေစတင် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Ref : gsmarena