Samsung ဟာ လက်ရှိအချိန်မှာ OneUI 2.5 Update ကို Flagship Galaxy S Series ဖုန်းတွေနဲ့ Galaxy Note Series ဖုန်းတွေအတွက် အဓိကထုတ်ပေးနေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကတော့ Mid Range Galaxy A51 ဖုန်းအတွက် OneUI 2.5 Update ထုတ်ပေးထားခဲ့ပါသေးတယ်။

အခုလည်း Samsung ကနေ Galaxy Note 9 အတွက် OneUI 2.5 Update ကို Germany နိုင်ငံမှာ စတင်ထုတ်ပေးနေပြီလို့ သိရပါတယ်။ အဆိုပါ OneUI 2.5 Firmware Build Number အနေနဲ့ကတော့ N960FXXU6FTJ3M ဖြစ်တယ်လို့ သိရပြီး မကြာခင်မှာတခြားသော Region တွေမှာပါ Update ရရှိလာဖွယ်ရှိနေပါတယ်။

OneUI 2.5 Update နဲ့အတူ Galaxy Note 20 Series မှာပါဝင်တဲ့ Feature တွေဖြစ်တဲ့ Wireless Dex Feature ၊ Camera Mode အသစ်တွေဖြစ်တဲ့ Single Take ၊ Variable Resolution ၊ Pro Mode မှာ Frame Rate ရွေးချယ်နိုင်တော့မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Landscape Mode မှာ Split Keyboard Function နဲ့ SOS Message Function တွေပါ ပါဝင်မှာဖြစ်ပါတယ်။

Samsung Galaxy Note 9 ဟာပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လထဲက မိတ်ဆက်ထားခဲ့တာဖြစ်ပြီး ယခု OneUI 2.5 Update ဟာ နောက်ဆုံးသော Major Update ဖြစ်လာမှာပါ။ အဲ့ဒီအတွက် နောက်ပိုင်းမှာ Monthly Security Patch တွေကိုပဲ ရရှိသွားတော့မှာဖြစ်ပါတယ်။

Ref – GSM Arena