Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Galaxy S10 Series စမတ်ဖုန်းတွေအတွက် OneUI 2.1 Update ကို ထုတ်ပေးခဲ့ပါတယ်။ အဆိုပါ Galaxy S10 Series ဖုန်းတွေအတွက် OneUI 2.1 Update မှာ Galaxy S20 Series ဖုန်းတွေရဲ့ Camera Feature အသစ်တွေကိုပါထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါအချိန်တုန်းက Samsung ကနေ Galaxy S10 Lite စမတ်ဖုန်းအတွက်တော့ OneUI 2.1 Update ကို ထုတ်ပေးခဲ့ခြင်းမရှိပါဘူး။ အခုအချိန်ကြမှသာ Galaxy S10 Lite အတွက် April 1, 2020 Security Patch ပါဝင်တဲ့ OneUI 2.1 Update ကိုထုတ်ပေးလိုက်တာဖြစ်ပါတယ်။

ဒီ Galaxy S10 Lite အတွက် OneUI 2.1 Update ရဲ့ Build Number အနေနဲ့ G770FXXU2BTD2 လို့နာမည်ပေးထားပြီးတော့ Galaxy S20 Series ဖုန်းတွေရဲ့ Camera Feature တွေဖြစ်တဲ့ Single Take ၊ Pro Video ၊ Quick Share နဲ့ Music Share လိုမျိုး Feature တွေပါဝင်လာမှာပါ။

အဆိုပါ Camera ပိုင်း Feature တွေအပြင် AR Emoji ကိုလည်း Update ပြုလုပ်ပေးခဲ့သလို Gallery App မှာလည်း Quick Crop Function ပါဝင်လာမှာဖြစ်ပါတယ်။ Samsung Keyboard မှာလည်း Text တွေကို Undo/Redo ပြုလုပ်နိုင်တဲ့ Feature နဲ့ Multilingual Translation Feature တွေပါဝင်လာမယ်လို့ သိရပါတယ်။

Samsung ကနေ Galaxy S10 Lite အတွက် OneUI 2.1 Update ကို Europe Region မှာ အရင်ဆုံးထုတ်ပေးနေတာဖြစ်ပြီး မကြာခင်မှာတခြားသော Region တွေမှာလည်း Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena