Samsung Galaxy S10 Lite ကို ဇန်နဝါရီလက နိုင်ငံတကာအတွက် ကြေညာခဲ့ပြီး ဖေဖော်ဝါရီလက စရောင်းပေးခဲ့ပါတယ်။ အခုတော့ အမေရိကန်မှာ ၁၇ ရက်နေ့စလို့ ဝယ်ယူနိုင်ပါပြီ။ Samsung အွန်လိုင်းစတိုး၊ Amazon နဲ့ Best Buy တို့မှာ Unlocked Version ကို ရောင်းပေးမှာြဖစ်ပြီး ဒေါ်လာ ၆၅၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၉ သိန်း ၂ သောင်းလောက်ရှိပြီး Prism Black အပါအဝင်  တခြား အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Samsung က ဖုန်းအဟောင်း ယူလာရင် ဒေါ်လာ ၂၅၀ အထိ လျှော့ပေးတဲ့ အစီအစဉ်ကို ပြုလုပ်ပေးထားပြီး Amazon က  Galaxy S10 Lite  ဝယ်ရင် Galaxy Buds အခမဲ့ လက်ဆောင်ပေးမှာပါ။ Best Buy က Wireless Service Plan ကို ဝယ်ရင် ဒေါ်လာ ၂၀၀ လျှော့ပေးမှာ ဖြစ်ပါတယ်။

Galaxy S10 Lite ဟာ S20 Series ထဲမှာ ဈေးအပေါဆုံး ဖြစ်ပြီး ၆.၇ လက်မ 1080x2400p AMOLED ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Snapdragon 855 Chipset မောင်းနှင်ထားပြီး 6/8GB RAM နဲ့ 128/512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 48MP Main , 12MP Ultrawide နဲ့ 5MP Macro ကင်မရာတွေနဲ့ 32MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ ထည့်သွင်းထားပါတယ်။

45W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပြီး Android 10 အခြေပြု One UI 2.1 မောင်းနှင်ထားပါတယ်။

Ref : gsmarena