Samsung Galaxy S20 Series ဖုန်းတွေဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုလည်း နောက်ထပ် Edition ဖုန်းတွေထပ်မံထုတ်လုပ်နေတာဖြစ်ပါတယ်။ မကြာသေးခင်တုန်းကလည်း 2020 Olympic Games Edition ဖုန်းကို မိတ်ဆက်ခဲ့ပါသေးတယ်။

အခုလည်း Samsung ကနေ တရုတ်နိုင်ငံစျေးကွက်အတွက် Galaxy S20 5G Iron Man Edition Series ဆိုပြီး ထပ်မံထုတ်ပေးလိုက်ပါပြီ။ ဒီတစ်ခါ Iron Man Edition ဖုန်းတွေက Galaxy S20 ၊ S20+ နဲ့ S20 Ultra ဖုန်းတွေအကုန်လုံးမှာ ရရှိနိုင်မှာဖြစ်တဲ့အတွက် စိတ်ကြိုက်ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။

အဆိုပါ Iron Man Edition ဖုန်းတွေဟာ Tony Stark Signature ပါဝင်တဲ့ အထူးပြုလုပ်ထားတဲ့အနီရောင်ဘူးခွံထဲမှာထည့်ထားမှာဖြစ်ပြီး Custom Case ၊ Custome Galaxy Buds အပြင် Iron Man ရဲ့ Arc Reactor နဲ့ဆင်တူတဲ့ Ring တစ်ခုပါဝင်မှာပပါ။ ဒါတင်မဟုတ်သေးဘဲ အဆိုပါဖုန်းတွေမှာလည်း Iron Man Edition Custom Theme ၊ Wallpaper နဲ့ Ringtone တွေပါဝင်မှာဖြစ်ပါတယ်။

Galaxy S20 Iron Man Edition ဖုန်းတွေကို JD.com ကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး Galaxy S20 5G Iron Man Edition (12/128GB) ကို 6,999 Yuan (မြန်မာငွေ ၁၄ သိန်းဝန်းကျင်) ၊ Galaxy S20+ 5G Iron Man Edition (12/128) ကို 7,999 Yuan (မြန်မာငွေ ၁၆ သိန်းဝန်းကျင်) နဲ့ရောင်းချနေတာဖြစ်ပါတယ်။ Galaxy S20 Ultra 5G Iron Man Edition ဖုန်းကတော့ RAM 12GB ၊ 256GB Version ကို 9,999 Yuan (မြန်မာငွေ သိန်း ၂၀ ဝန်းကျင်) နဲ့ RAM 16GB ၊ 512GB ကိုတော့ 12,999 Yuan (မြန်မာငွေ ၂၆ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China