ပြီးခဲ့တဲ့တစ်ပတ်က Samsung Galaxy Note 20 Series အတွက် One UI 3.0 update ပေးတဲ့အခါ Samsung Galaxy S20 FE လည်း ပါဝင်လာခဲ့ပါတယ်။ တကယ်တော့ Galaxy S20 စီးရီးအတွက် Update ဟာ လဆန်းပိုင်းကတည်းက ထွက်နှင့်ပြီးသားဖြစ်ပေမယ့် S20 FE ကျန်ခဲ့တာ ဖြစ်ပါတယ်။

Galaxy S20 စီးရီးနဲ့အတူ Update မရဘဲ နောက်ကျကျန်ခဲ့ပြီး သီးသန့်ရပြန်တော့လည်း Galaxy S20 FE အကုန်လုံးရတာမဟုတ်ပါဘူး။ Exynos Chipset နဲ့ 4G ဗားရှင်းတွေပဲ ရခဲ့တာပါ။ ပြီးတော့ ရုရှားဈေးကွက်မှာပဲ ထုတ်ပေးတာလည်း ဖြစ်ပါတယ်။ အခုမှ နိုင်ငံတကာဈေးကွက်အတွက် ထွက်လာတယ်လို့ ဆိုရမှာပါ။

Samsung ရဲ့ လက်ရှိ One UI 3.0 update ထုတ်ဝေပုံကိုကြည့်ရင် ကျပန်းထုတ်ပေးနေတဲ့ပုံစံလို့ ယူဆရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီရဲ့ Roadmap အရဆိုရင် Galaxy S20 FE ရဲ့ One UI 3.0 update ရရှိချိန်ဟာ အချို့ဈေးကွက်တွေအတွက် ဖေဖော်ဝါရီလကုန်ပိုင်းအထိစောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။ အခုတော့ Galaxy S20 FE LTE ရော 5G အမျိုးအစားအတွက်ပါ ထုတ်ပေးလာတာ တွေ့ရပါတယ်။

Galaxy S20 FE 4G နဲ့ 5G ဗားရှင်းတွေအတွက် New build တွေဟာ Firmware version G780FXXU1BTL1 နဲ့ G781BXXU1BTL ဖြစ်ကြပါတယ်။ Update က နိုင်ငံအတော်များများမှာရရှိနေပြီဖြစ်တာကြောင့်၊ မြန်မာနိုင်ငံမှာလည်း မကြာခင် ရရှိတော့မယ်လို့ မျှော်လင့်ရပါတယ်။ စောင့်ရတာစိတ်မရှည်ရင်တော့ OTA ကို Download ဆွဲပြီး Manually update လုပ်နိုင်ပြီဖြစ်ပါတယ်။

Ref: GSM Arena