တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီး Samsung ဟာ နာမည်ကျော် Kpop အဖွဲ့ BTS နဲ့ပူးပေါင်းပြီး Galaxy S20+ နဲ့ Galaxy Buds+ အတွက် Special Edition တွေ ထုတ်လုပ်ဖို့ရှိနေပါတယ်။ BTS အတွက် တောင်ကိုရီးယားစမတ်ဖုန်းကုမ္ပဏီတွေနဲ့ လက်တွဲတာ ဒါဟာ ပထမဆုံးမဟုတ်ဘဲ အရင်က LG G7 ThinQ အတွက် LG နဲ့ လက်တွဲဖူးသလို LG Q7+ မှာလည်း BTS Edition ဟန်းဆက်ထွက်ခဲ့ဖူးပါတယ်။

Galaxy S20+ BTS Edition ရဲ့ Render ပုံတွေကို Evleaks မှတင်လာခဲ့ပြီး အရင်မြင်ထားဖူးတဲ့ Leak ပုံစံနဲ့ အနည်းငယ်ကွဲပြားနေပါတယ်။ Render အသစ်ဟာ Galaxy S9+ ရဲ့ Lilac Purple အရောင်နဲ့ အတော်လေး ဆင်တူနေတာလည်း တွေ့ရမှာပါ။ BTS Edition မှာ သီးသန့် Wallpapers, Themes တွေ ပါဝင်လာမှာဖြစ်ပြီး နောက်ဘက်က ကင်မရာ Glass ပေါ်မှာလည်း အသည်းပုံလေးတစ်ခုကို မြင်ရမှာဖြစ်ပါတယ်။

Galaxy Buds+ BTS Edition ကတော့ ပုံမှန်အနက်ရောင် Buds+ ကို Purple ကာလာအပြင်ပန်းချယ်ထားသလိုပါပဲ။ ဒါပေမယ့် အသည်းပုံသဏ္ဍာန်လေးနဲ့ လိုဂိုတော့ ပါမှာပါ။ Buds Case ကိုယ်တိုင်ကလည်း သူ့အရောင်အတိုင်းပါပဲ။ အရင် Leak အရတော့ Buds+ ပေါ်က အရောင်ကို “Mirror Purple” လို့ခေါ်ပြီး ဖုန်းမှာပါတဲ့အရောင်ထက် အနည်းငယ် ပိုရင့်တယ်လို့ သိရပါတယ်။

Galaxy S20+ နဲ့ Galaxy Buds+ အတွက် BTS Edition ဟာ ဇူလိုင်လ ၉ ရက်နေ့မှာပြုလုပ်မယ့် မိတ်ဆက်ပွဲမှာ ပွဲထွက်လာနိုင်ခြေရှိပါတယ်။ Samsung ကတော့ ကြိုတင်အမှာစာကို ဇွန်လ ၁၉ ရက်နေ့ထဲက ကြိုတင်လက်ခံမယ်လို့ Tease လုပ်ထားပြီးသားပါ။

Ref – GSMArena