သတင်းကြီးနေတဲ့ Galaxy S21 Series ကို Samsung က တရားဝင် ကြေညာလိုက်ပါပြီ။ အဲဒီထဲမှာ S21 နဲ့ S21+ ဟာ ဟာ့ဒ်ဝဲတွေ အများစု တူညီကြပါတယ်။ ဒါပေမယ့် မျက်နှာပြင် အရွယ်အစားကတော့ ကွာခြားပါတယ်။ တူညီတဲ့ အကြောင်းကို အရင်စပြောချင်ပါတယ်။ S21 နဲ့ S21+ မှာ 1080p+ မျက်နှာပြင် ထည့်သွင်းထားပြီး S20 Series ရဲ့ 1440p+ ထက် အားနည်းသွားပါတယ်။ မျက်နှာပြင် အသစ်တွေမှာ Adaptive Refresh Rate ပါလာပြီး Content အပေါ်မူတည်ကာ 48Hz ကနေ 120Hz အထိ ပြောင်းလဲပေးနိုင်ပါတယ်။

Samsung Galaxy S21 and S21+ bring new design, modest upgrades

မျက်နှာပြင်အောက်မှာ Ultrasonic လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး အရင်နှစ်ထုတ် S20 တွေထက် ၇၀ ရာခိုင်နှုန်း ပိုကြီးလာပါတယ်။ မျက်နှာပြင်အောက် ကင်မရာတော့ မပါလာဘဲ 10MP Punch Hole ကင်မရာ တပ်ဆင်ထားပါတယ်။

The Samsung Galaxy S21 and S21 official

ပင်မ ကင်မရာက 12MP ဖြစ်ပြီး Dual Pixel AF နဲ့ OIS ထောက်ပံ့ထားပါတယ်။ 12MP Ultrawide Angle ကင်မရာမှာတော့ Autofocus မပါလာတာ ထူးခြားပါတယ်။ 64MP ကင်မရာက အလုပ် ၂ ခုကို လုပ်ပေးပါတယ်။ ဓါတ်ပုံ Mode မှာ 3x Lossless Zoom (Autofocus & OIS) နဲ့ 30x Space Zoom ကို ထောက်ပံ့ပြီး ဗီဒီယို Mode မှာ 8K 24fps ကို ရိုက်ကူးပေးနိုင်ပါတယ်။

The Samsung Galaxy S21 and S21 official

S21 မှာ ၆.၂ လက်မ မျက်နှာပြင် ပါလာပြီး အရွယ်ကျစ်လစ်တဲ့ စွမ်းရည်မြင့် ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပါတယ်။ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး နိုင်ငံအပေါ်မူတည်ကာ Snapdragon 888 နဲ့ Exynos 2100 Chipset တွေ ထောက်ပံ့ထားမှာပါ။

The Samsung Galaxy S21 and S21 official

S21+ မှာ ပိုကြီးတဲ့ ၆.၇ လက်မ မျက်နှာပြင် ပါလာပြီး ဘက်ထရီက 4,800mAh ဖြစ်ပါတယ်။ အားသွင်းနှုန်းက S21 မော်ဒယ် အားလုံး တူညီကြပြီး 25W Wired Charging နဲ့ 15W Wireless Charging ထောက်ပံ့ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ microSD Card Slot တော့ မပါလာကြပါဘူး။

Samsung Galaxy S21 and S21+ bring new design, modest upgrades

Pricing and availability

  • Samsung Galaxy S21 5G 8GB + 128GB – $799.99 (Rs. 58,474 approx.) / €849 / £769
  • Samsung Galaxy S21 5G 8GB + 256GB – $849.99 (Rs. 62,130 approx.) / €899 / £819
  • Samsung Galaxy S21+ 5G 8GB + 128GB – $999.99 (Rs. 73,090  approx.) / €1049 / £949
  • Samsung Galaxy S21+ 5G 8GB + 256GB – $1049.99 (Rs. 76,730 approx.) / €1099 / £999

တန်ဖိုးအနည်းဆုံး မော်ဒယ် အနေနဲ့ S21 ဟာ ၇၉၉.၉၉ ဒေါ်လာနဲ့ S21+ ဟာ ၉၉၉.၉၉ ဒေါ်လာက စပြီး ၁၀ သိန်း ၆ သောင်းနဲ့ ၁၃ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena