Samsung ဟာ စွမ်းရည်မြင့် Galaxy S21 , Galaxy S21 Plus နဲ့ Galaxy S21 Ultra ကို ဇန်နဝါရီလမှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ S21 Ultra ရဲ့ အဓိက Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ ဖုန်းမှာ ၆.၈ လက်မ Dynamic AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 2K Resolution ဖြစ်ပါတယ်။ 120Hz or 144Hz Refresh Rate က တော်တော် မိုက်ပါတယ်။ CAD Renders တွေအရ မျက်နှာပြင်ထောင့်ဘက်တွေဟာ ကွေးညွှတ်မှာဖြစ်ပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

ဆဲလ်ဖီး ကင်မရာ အကြောင်း ပြောရရင် 40MP ပါလာနိုင်ပြီး အနောက် ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။ 108MP Main ကင်မရာ ပါမယ်လို့ သတင်းထွက်နေပြီး နိုင်ငံအပေါ်မူတည်ကာ Snapdragon 875 or Exynos 2100 Chipset တွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ Snapdragon 875 Chipset ပါတဲ့ မော်ဒယ်ကို အမေရိကန်နဲ့ တရုတ်မှာ ရောင်းချနိုင်ပြီး အိန္ဒိယမှာတော့ Exynos Chipset ပါတဲ့ မော်ဒယ်ကို ရောင်းချနိုင်ပါတယ်။

Samsung Galaxy S21 & S21 Ultra First look design | www.vicshacks.com

Galaxy S21 Ultra မှာ Android 10 OS မောင်းနှင်ထားပြီး One UI 3.0 အုပ်ထားမှာ ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး အရင်သတင်းတွေအရ 60W or 66W Fast Charging နည်းပညာ ပါလာမယ်လို့ သိရပါတယ်။ Galaxy S21 Series တွေမှာ S Pen Support ပါလာမယ်လို့လည်း သတင်းပေါက်ကြားနေပြီး အခုပေါက်ကြားလာတဲ့ သတင်းမှာတော့ S Pen အကြောင်း မပါလာပါဘူး။ အရင်သတင်းတွေအရ Galaxy S21 Ultra အတွက် အနက်၊ ငွေနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gizmochina