Samsung Galaxy S Series ဖုန်းတွေဟာ နှစ်အစပိုင်းမှာ မိတ်ဆက်နေကျ Samsung ရဲ့ Flagship ဖုန်းတွေဖြစ်ပါတယ်။ အဆိုပါ Galaxy S Series ဖုန်းတွေက Note Series ဖုန်းတွေနဲ့ အဓိကကွာခြားချက်တစ်ခုကတော့ S Pen ပါဝင်ခြင်းမရှိတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း လာမယ့် ၂၀၂၁ ခုနှစ်မှာမိတ်ဆက်လာမယ့် Galaxy S21 ဖုန်းတွေမှာတော့ Samsung ကနေ S Pen ကို စတင်ထည့်သွင်းလာမယ်လို့ သတင်းတွေထွက်ပေါ်နေပါပြီ။ ဒါကလည်း S21 ဖုန်းတိုင်းမဟုတ်ဘဲ အမျိုးအစားတစ်မျိုးမှာပဲ S Pen ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုမျိုး Galaxy S21 ဖုန်းတွေမှာ S Pen ကို ထည့်သွင်းလာတာက နောက်နှစ်မှာ Galaxy Note Series ဖုန်းတွေအစား S Pen ပါဝင်တဲ့ Foldable စမတ်ဖုန်းတွေနဲ့ အစားထိုးသွားဖို့ စီစဥ်ထားတာကြောင့်ဖြစ်ပါတယ်။ အခုလည်း S Pen ပါဝင်တဲ့ Galaxy S21 ဖုန်းရဲ့ Render ဓါတ်ပုံတွေပါ ပေါက်ကြားလာခဲ့ပါပြီ။

ယခု Render ဓါတ်ပုံတွေအရတော့ Galaxy S21 ဖုန်းဟာ အရှေ့ဘက် Display အရတော့ Galaxy S20 Series ဖုန်းတွေလိုမျိုးပဲ Punch-hole Selfie Camera နဲ့ Curved Display တွေကို အသုံးပြုထားမှာဖြစ်ပါတယ်။ နောက်ကျောဘက် Camera Design ကိုတော့ လက်ရှိ Galaxy Note 20 Ultra လိုမျိုး Triple Camera Setup Design ကို အသုံးပြုထားတာကိုတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ထွက်ရှိခဲ့တဲ့သတင်းတွေအရ Galaxy S20 ဖုန်းမှာ 3880mAh Battery နဲ့ Galaxy S21+ မှာ 4660mAh Battery တွေပါဝင်မှာဖြစ်ပြီး Galaxy S21 Ultra ကိုတော့ မိတ်ဆက်သွားဖို့မရှိဘူးလို့ ယူဆရပါတယ်။

Ref – Giz China