Samsung ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှဏ်တုန်းက မိတ်ဆက်ခဲ့တဲ့ Foldable ဖုန်းဖြစ်တဲ့ Galaxy Z Fold3 ဖုန်းမှာ ပထမဆုံးအနေနဲ့ 4MP Selfie Camera ကို Display အောက်မှာ ထည့်သွင်းထားတဲ့ Under-display Camera အနေနဲ့ အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ အရည်အသွေးပိုင်းမှာတော့ အဆိုပါ Under-display Camera ဟာ ဝေဖန်မှုခံခဲ့ရပေမယ့်လည်း အခုနှစ်မှာ မိတ်ဆက်ဖို့ရှိနေတဲ့ Galaxy Z Fold4 ဖုန်းမှာတော့ အဆင့်မြှင့်တင်လာဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး Samsung Galaxy Z Fold Series Foldable ဖုန်းတွေမှာ Under-display Camera နည်းပညာကို အသုံးပြုနေပေမယ့်လည်း နောက်ဆုံးသိရတဲ့သတင်းအရတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ မိတ်ဆက်လာမယ့် Galaxy S23 Series ဖုန်းတွေမှာ Under-display Camera ကို အသုံးပြုသွားမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ Samsung ဟာ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Galaxy S22 Series ဖုန်းတွေမှာလည်း Under-display Camera အစား ပုံမှန် Punch-hole Camera ကိုပဲ အသုံးပြုထားတာကြောင့် Galaxy S23 Series မှာလည်း အလားတူ Punch-hole Camera ကိုပဲ အသုံးပြုလာဖွယ်ရှိနေပါတယ္။

Samsung ဟာ ဘာကြောင့် အခုလိုမျိုး Galaxy S23 Series ဖုန်းတွေမှာ Under-display Camera ကို အသုံးပြုခြင်းမရှိသလဲဆိုတဲ့ အကြောင်းပြချက်ကိုတေ့ာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ Galaxy S Series ဖုန်းတွေဟာ ပုံမှန်အားဖြင့် Galaxy Foldable ဖုန်းတွေထက် ပိုရောင်းချရတာကြောင့် လူအများက အရည်အသွေးပိုင်းကို ဝေဖန်မှာကို ရှောင်လွှဲချင်တာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။

လောလောဆယ်မှာလည်း တချို့သော စမတ်ဖုန်းတွေကလွဲပြီး Mainstream Flagship ဖုန်းတွေမှာ Under-display Camera နည်းပညာကို အသုံးပြုခြင်းမရှိသေးဘဲ ပုံမှန် Selfie Camera တွေနဲ့ ယှဥ်ရင်လည်း အရည်အသွေးပိုင်းမှာ သိသိသာသာနိမ့်ကျနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးရရှိတဲ့သတင်းတွေအရ Samsung ဟာ Galaxy S24 Series ဖုန်းတွေမှပဲ Under-display Camera နည်းပညာကို အသုံးပြုလာမယ်လို့ သိရပါတယ်။ ဒါကြောင့် Samsung Galaxy S Series ဖုန်းတွေမှာ Under-display Camera ကို အသုံးပြုချင်တဲ့သူတွေအတွက်တော့ ဆက်လက်ပြီး စောင့်ဆိုင်းရဦးမှာပါ။

Ref – Gizmo China